မော်ရင်ဟိုအား ခန့်အပ်ရေး ရွှေ့ဆိုင်းလာရမှုနှင့်အတူ ဘင်ဖီကာကို နစ်နာကြေး ယူရို ၁၅ သန်းအထိ ပေးလာရတော့မဲ့ ရီးရဲလ်မက်ဒရစ်
===================
ဂျိုဆေးမော်ရင်ဟိုဟာ ရီးရဲလ်မက်ဒရစ်အား ၃ နှစ်စာချုပ်ဖြင့် ကိုင်တွယ်ရန် သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်ဟာ မော်ရင်ဟိုအား နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း သတ်မှတ်ကာလအတွင်း အပြီးသတ်လုပ်ဆောင်လာနိုင်ခြင်း မရှိမှုနှင့်အတူ ဘင်ဖီကာအား နစ်နာကြေး နှစ်ဆအထိ တိုးပေးလာရတော့မှာ ဖြစ်ပါတယ်။
ဝါရင့်နည်းပြမော်ရင်ဟိုဟာ ရီးရဲလ်မက်ဒရစ်နည်းပြသစ် ဖြစ်လာမယ်လို့ ရာနှုန်းပြည့်ယုံကြည်ထားရပေမဲ့လည်း ရီးရဲလ်မက်ဒရစ်ကလပ်တွင်း အာဏာအပြောင်းအလဲ ဖြစ်လာနိုင်မှုနှင့်အတူ ခန့်အပ်ရေး ရွှေ့ဆိုင်းထားရပါတယ်။
လက်ရှိ ရီးရဲလ်မက်ဒရစ်ဥက္ကဌဖလော်ရင်တီနိုပီရက်ဇ်ဟာ ဥက္ကဌရွေးကောက်ပွဲတွင် စိန်ခေါ်သူ စပိန်စီးပွားရေးလုပ်ငန်းရှင် အန်းနရစ်ရီကွယ်မီးနှင့် ရင်ဆိုင်ရပါမယ်။
မော်ရင်ဟိုဟာ ရီးရဲလ်မက်ဒရစ်နှင့် တရားဝင် စာချုပ်ချုပ်ဆိုရခြင်း မရှိသေးမှုနှင့်အတူ လက်ရှိအချိန်တွင် ဘင်ဖီကာနည်းပြအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ မော်ရင်ဟိုအား ခန့်အပ်ရေး ရွှေ့ဆိုင်းလာရမှုနှင့်အတူ အစောပိုင်းတုန်းက ယူရို ၇ သန်းသာ ပေးရမှာ ဖြစ်ပေမဲ့လည်း သတ်မှတ်ရက်ကျော်လွန်လာမှုနှင့်အတူ ယူရို ၁၅ သန်းအထိ ပေးလာရပါမယ်။
ရီးရဲလ်မက်ဒရစ်အနေဖြင့် ယနေ့ မေလ ၂၆ ရက်နေ့ နောက်ဆုံးထားပြီး မော်ရင်ဟိုအား ခန့်အပ်မည်ဆိုပါက ဘင်ဖီကာအား နစ်နာကြေး ယူရို ၇ သန်းတည်းသာ ပေးရပါမယ်။
ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်ဟာ ခန့်အပ်လာနိုင်ခြင်း မရှိမှုနှင့်အတူ မော်ရင်ဟိုအား ခန့်အပ်ရန် ဘင်ဖီကာအား နစ်နာကြေး နှစ်ဆကျော် ယူရို ၁၅ သန်းအထိ ပေးလာရပါမယ်။