ကနေဒါရဲ့ ကမ္ဘာဖလားအဖွင့်ပွဲစဉ်ကို လွဲချော်လာတော့မဲ့ ဘိုင်ယန်စတားဒါးဗီးစ်
=====================
ဒဏ်ရာရရှိနေတဲ့ ကနေဒါအသင်းခေါင်းဆောင်အယ်ဖွန်ဆိုဒါးဗီးစ်ဟာ ပူးတွဲအိမ်ရှင် ကနေဒါရဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်ကို လွဲချော်လာဖို့ ရှိနေပေမဲ့လည်း ကျန်ပွဲစဉ်များတွင် ပါဝင်ကစားလာနိုင်ဖို့ ရှိနေပါတယ်။
အသက် ၂၅ နှစ်ရှိ ဒါးဗီးစ်ဟာ မေလ ၆ ရက်နေ့တုန်းက ပီအက်စ်ဂျီနှင့် ကစားတဲ့ ဘိုင်ယန်မြူးနစ်ရဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်တွင် တံကောက်ကြောဒဏ်ရာရရှိခဲ့ပါတယ်။
ထိုစဉ်တုန်းက ဘိုင်ယန်မြူးနစ်က ဒါးဗီးစ်ရဲ့ ဒဏ်ရာကို စစ်ဆေးပြီးနောက် ရက်သတ္တပတ်အတန်ကြာ အနားယူရမယ်လို့ ကြေညာခဲ့ပါတယ်။
သူဟာ ယခုရာသီတွင် ဒဏ်ရာပြဿနာများကြောင့် ဘွန်ဒက်စ်လီဂါပွဲ ၁၃ ပွဲတည်းသာ ကစားခွင့် ရရှိခဲ့ပါတယ်။
ကနေဒါဟာ ဇွန်လ ၁၂ ရက်နေ့တွင် တိုရွန်တိုမှာ ဘော့စနီးယားနှင့် ကမ္ဘာ့ဖလားအဖွင့်ပွဲ ကစားရပါမယ်။ ပြီးလျှင် ကနေဒါဟာ ဇွန်လ ၁၈ ရက်နေ့နှင့် ၂၄ ရက်တို့မှာ ဗန်ကူးဗားတွင် ကာတာ၊ ဆွစ်ဇာလန်တို့နှင့် ထပ်မံကစားရပါမယ်။
ဒါးဗီးစ်ဟာ ကမ္ဘာ့ဖလားမတိုင်မီ စခန်းသင်းလေ့ကျင့်ခန်းဆင်းမဲ့ ကစားသမား ၃၂ ဦးတွင် ပါဝင်လာပေမဲ့ ဇွန်လ ၁ ရက်နေ့ အက်မွန်တန်တွင် ဥဇဘက်ကစ္စတန်နှင့် ခြေစမ်းပွဲမတိုင်မီမှာ အသင်းနှင့် ပူးပေါင်းလာပါမယ်။
ကနေဒါဟာ ဇွန်လ ၅ ရက်နေ့တွင် ကမ္ယာ့ဖလားအကြို ခြေစမ်းပွဲအဖြစ် အိုင်ယာလန်နှင့် ရင်ဆိုင်ကစားပါဦးမယ်။