ချန်ပီယံရှစ်ကလပ်အား ဝယ်ယူရန် ဆော်ဒီလက်ဝှေ့အကြီးအကဲ တာကီအလာရစ်ခ် စိတ်ဝင်စားနေ
===================

ဆော်ဒီလက်ဝှေ့အကြီးအကဲတာကီအလာရစ်ခ်ဟာ အင်္ဂလိပ်ဘောလုံးကလပ်တစ်ခုကို ဝယ်ယူရန် စိတ်ဝင်စားနေကြောင်း သိရပါတယ်။
အရှေ့အလယ်ပိုင်းနိုင်ငံရဲ့ လက်ဝှေ့ပွဲများ နောက်ကွယ်မှ အရေးပါတဲ့သူဖြစ်တဲ့ တာကီအလာရစ်ခ်ဟာ အစောပိုင်းတုန်းက ဘရစ်စတိုးစီးတီးအား ဝယ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းထွက်ခဲ့ဖူးသူ ဖြစ်ပါတယ်။
ဒါပေမဲ့ ထိုစဉ်တုန်းက ယင်းသတင်းများကို ဆော်ဒီရဲ့ General Entertainment Authority အကြီးအကဲက ငြင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ ယနေ့တွင် The Times ရဲ့ဖော်ပြလာမှုအရ သူဟာ ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီကို ဝယ်ယူရန် စိတ်ဝင်စားနေကြောင်း ဖော်ပြလာပါတယ်။
ဒါဘီကောင်တီဟာ ချန်ပီယံရှစ်တွင် အဆင့် ၈ နေရာမှာ ရပ်တည်ခဲ့ကာ ပလေးအော့ဖ်မှ တဆင့် ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရသွားတဲ့ ဟားလ်စီးတီးနှင့် ၄ မှတ်အကွာမှာ ရပ်တည်နိုင်ခဲ့တဲ့အသင်းပါ။
ဒါဘီကောင်တီဟာ ၂၀၂၁ ခုနှစ်တုန်းက ဘဏ္ဍာရေးပြဿနာများနှင့်ကြုံခဲ့ရကာ ရမှတ် ၂၁ မှတ်အထိ အလျှော့ခံရပြီးနောက် ၂၀၂၂ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းရဲ့ အသင်းရဲ့အာမခံပရိသတ်ဒေးဗစ်ကလိုဝီရဲ့ ပေါင် ၃၃ သန်းဖြင့် ဝယ်ယူခြင်းခံခဲ့ရပါတယ်။
၎င်းတို့ဟာ ယင်းနှစ်နိုဝင်ဘာလ ရမှတ် ၉ မှတ်ထပ်မံ လျှော့ချခံခဲ့ရပေမဲ့လည်း ၂၀၂၄ ခုနှစ်တွင် ချန်ပီယံရှစ်သို့ ပြန်တန်းတက်နိုင်ခဲ့ပါတယ်။
တဖက်တွင် အသက် ၄၄ နှစ်ရှိ ကာကီအလာရစ်ခ်အနေဖြင့် ဒါဘီကောင်တီအား ဝယ်ယူလာမည်ဆိုပါက Public Investment Fund ရဲ့ ရင်းနှီးမြှပ်နှံမှုနှင့် မဆိုင်ကြောင်း Independent Football Regulator ထံ သက်သေပြရပါမယ်။

image