ဆော်ဒီပရိုလိဂ်ကလပ် Al-Ittihad နည်းပြရာထူးမှ ကွန်စီကာအို ထွက်ခွာ
====================

ဆာဂျီယိုကွန်စီကာအိုဟာ ဆော်ဒီပရိုလိဂ်အမှတ်ပေးဖလားအား ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ Al-Nassr ကို လွဲပြောင်းပေးလိုက်ရပြီးနောက် Al-Ittihad မှ ထွက်ခွာလာပါတယ်။
ပေါ်တိုနည်းပြဟောင်းဟာ Al-Ittihad နှင့် နှစ်ဦးသဘောတူ လမ်းခွဲလာတာလည်း ဖြစ်ပါတယ်။
ပေါ်တိုနည်းပြဟောင်းဟာ Al-Ittihad ကို ဆော်ဒီပရိုလိဂ်အမှတ်ပေးဇယားအဆင့် ၅ နေရာတွင်သာ ရပ်တည်နိုင်အောင် ဦးဆောင်နိုင်ခဲ့ပြီးနောက် ရာထူးမှ ထွက်ခွာလာရတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ကွန်စီကာအိုဦးဆောင်တဲ့ Al-Ittihad ဟာ အာရှချန်ပီယံလိဂ်အီလစ်ပြိုင်ပွဲတွင်လည်း ဂျပန်ကလပ် မာချီဒါဇယ်ဗီယာအား ရှုံးနိမ့်ကာ ကွာတားဖိုင်နယ်မှ ထွက်ခဲ့ရပါသေးတယ်။
ကွန်စီကာအိုဟာ King Abdullah Sports City တွင် ကာလတို ကျင်လည်စဉ်အတွင်း ပြိုင်ပွဲအရပ်ရပ် ၄၂ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ၂၂ ပွဲတည်းသာ နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။
ကွန်စီကာအိုဟာ Al-Ittihad ကို ကိုင်တွယ်စဉ်အတွင်း ဇန်နဝါရီလတုန်းက အသင်းရဲ့အဓိကတိုက်စစ်မှူးကာရမ်ဘန်ဇီးမားအား ပြိုင်ဘက် Al-Hilal အား လက်လွှတ်လိုက်ရမှုနှင့်အတူ ကြီးမားတဲ့ ထိုးနှက်ချက် ကြုံရကာ ရလဒ်ပိုင်း ကျဆင်းခဲ့တာပါ။

image