ဖာနန်ဒက်စ်နှင့် ရွိုင်ကိန်းအကြား စကားလုံးထိုးစစ် ပိုမိုပြင်းထန်လာ
=====================

ရွိုင်ကိန်းဟာ ဆိုရှယ်မီဒီယာတွင် ပြင်းထန်တဲ့ စကားလုံးပါ ပို့စ်တစ်ခု တင်ပြီး ဘရူနိုဖာနန်ဒက်စ်အား တိုက်ခိုက်လာမှုနှင့်အတူ ၎င်းတို့အကြား လူသိရှင်ကြား စကားလုံးစစ်ပွဲက ပိုမိုပြင်းထန်လာပါတယ်။
ယူနိုက်တက်ဂန္ထဝင်အသင်းခေါင်းဆောင်ဟာ ပေါ်တူဂီအလယ်တန်းကစားသမားက သူ့ရဲ့ခြေစွမ်းအား ဝေဖန်တဲ့ စကားလုံးများမှာ ရိုးသားမှု မရှိကြောင်း လူသိရှင်ကြား ပြောဆိုလာမှုအပေါ် တုံ့ပြန်လာတာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းရွိုင်ကိန်းဟာ ဖောရက်စ်အား ၃-၂ ဖြင့် အနိုင်ရတဲ့ပွဲတွင် ပရီးမီးယားလိဂ်တစ်ရာသီအတွင်း ဖန်တီးမှု အများဆုံးစံချိန်တင်ခဲ့တဲ့ ဖာနန်ဒက်စ်မှာ တကိုယ်တော်အောင်မြင်မှုကိုသာ အာရုံစိုက်နေကြောင်း The Overlap အစီအစဉ်တွင် တိုက်ခိုက်ပြောဆိုခဲ့ပါတယ်။
ယင်းကို ယူနိုက်တက်အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်ကလည်း ဂန္ထဝင်အသင်းခေါင်းဆောင်မှာ အလိမ်အညာစကားလုံးများဖြင့် ပြည့်နှက်နေကြောင်း၊ ရွိုင်ကိန်းကို ဆက်သွယ်ရေး ကြိုးပမ်းခဲ့ကြောင်း တုံ့ပြန်ခဲ့ပါတယ်။
ဖာနန်ဒက်စ်က ယင်းသို့ ပြောဆိုပြီး နာရီအနည်းငယ်အကြာမှာတော့ ရွိုင်ကိန်းက "အာရုံစိုက်မှုများလွန်းတဲ့အခါ မြည်းက သူ့ကိုယ်သူ ခြင်္သေ့လို့ ထင်သွားတတ်တယ်"လို့ စာသားပါ မြည်းတစ်ကောင်ပုံအား ပို့စ်တင်ကာ တုံ့ပြန်လာပါတယ်။

image