ပွဲပန်းမှုကြောင့် တံကောက်ကြောဒဏ်ရာရရှိလာပေမဲ့ ကမ္ဘာ့ဖလားတွင် ကစားလာနိုင်ဖို့ ရှိနေတဲ့ လီယွန်နယ်မက်ဆီ
====================

အင်တာမိုင်ယာမီဟာ တနင်္ဂနွေနေ့တုန်းက ဖယ်လာဒယ်ဖီယာယူနီယံနှင့်ပွဲစဉ်တွင် ဒဏ်ရာရရှိကာ လူစားလဲလှယ်မှု ပြုလုပ်ခဲ့ရတဲ့ အသင်းခေါင်းဆောင်လီယွန်နယ်မက်ဆီရဲ့ ဒဏ်ရာအခြေအနေအား ကြေညာချက် ထုတ်ပြန်လာပါတယ်။
အင်တာမိုင်ယာမီဟာ အသက် ၃၈ နှစ်ရှိ မက်ဆီရဲ့ တံကောက်ကြောဒဏ်ရာကို တနင်္လာနေ့တုန်းက စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဘယ်ဖက်တံကောက်ကြောမှာ အလွန်အကျွံကစားရမှုကြောင့် ကြွက်သားပင်ပန်းနွမ်းနယ်မှု ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာလာပါတယ်။
အင်တာမိုင်မီယာက လီယွန်နယ်မက်ဆီ ဘယ်တော့ ကစားလာနိုင်မလဲဆိုတာ ကြေညာလာခြင်း မရှိပေမဲ့လည်း ဇွန်လတွင် စတင်မဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ပြန်လည်ကောင်းမွန်လာမယ်လို့ ယုံကြည်ရပါတယ်။
လီယွန်နယ်မက်ဆီဟာ ယခုရာသီ အင်တာမိုင်ယာမီရဲ့ ပွ ၁၅ ပွဲလုံးတွင် ပါဝင်ကစားထားပြီး ၁၂ ဂိုးသွင်းကာ ၈ ကြိမ် ဖန်တီးထားပါတယ်။
အာဂျင်တီးနားဟာ ဇွန်လ ၁၆ ရက်နေ့တွင် ကန်ဆက်စ်စီးတီးတွင် ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲအဖြစ် အယ်ဂျီးရီးယားနှင့် ရင်ဆိုင်ကစားရပါမယ်။

image