4 ရက် - ဘာသာပြန်ပါ။

ကိုရီးယား သံရုံးနှင့် Taekwondo Promotion Foundation တို့ ပူးပေါင်းပြီး အခမဲ့ တိုက်ကွမ်ဒို သင်တန်းဖွင့်မည်

မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံး နှင့် Taekwondo Promotion Foundation တို့ ပူးပေါင်းပြီး မြန်မာလူငယ်များအတွက် အခမဲ့ တိုက်ကွမ်ဒိုသင်တန်း ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ယနေ့ မေလ ၂၆ ရက်နေ့တွင် အသိ‌ပေးထားသည်။
အဆိုပါ သင်တန်းကို Taekwondo Promotion Foundation နှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံး ပြည်သူ့သံတမန်ရေးရာအဖွဲ့တို့ ပူးပေါင်းစီစဉ်ထားပြီး သင်တန်းကနေတစ်ဆင့် ကိုယ်ခန္ဓာကြံ့ခိုင်မှုကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
သင်တန်းကို ဇွန်လ ၁၃ ရက် နေ့တွင် စတင်မည်ဖြစ်ပြီး အပတ်စဉ် စနေ့နေ့တိုင်း လှစ်မည်ဖြစ်ကြောင်း သိရသည်။
တိုက်ကွမ်ဒိုပညာရပ်ကို စိတ်ပါဝင်စားသည့် မြန်မာလူငယ် မည်သူမဆို လျှောက်ထားနိုင်ပြီး သင်တန်းကြေးအခမဲ့ဖြစ်သလို လျှောက်ထားသူဦးရေး ကန့်သတ်ထားခြင်းကြောင့် အမြန်ဆုံးလျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကိုးရီယား သံရုံး၏ facebook လူမှုကွန်ယက်စာမျက်နှာတွင် အသိပေးထုတ်ပြန်ထားသည်။

image