3 ပတ် - ဘာသာပြန်ပါ။

ပရီးမီးယားလိဂ်သမိုင်းတွင် အသက်အငယ်ဆုံးပွဲထွက်ကစားခွင့်ရသူအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူလာတဲ့ ဒေါ်မန်း
===================

အာဆင်နယ်ရဲ့မက်စ်ဒေါ်မန်းဟာ ခရစ္စတယ်ပဲလေ့စ်နှင့် ပရီးမီးယားလိဂ်ရာသီသိမ်းပွဲတွင် အာဆင်နယ်အတွက် ပွဲထွက်ကစားခွင့်ရရှိလာပြီးနောက် ပရီးမီးယားလိဂ်သမိုင်းတွင် အသက်အငယ်ဆုံးပွဲထွက်ကစားခွင့်ရရှိသူအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူလာပါတယ်။
ယခုရာသီတွင် အာဆင်နယ်အတွက် အရန်အဖြစ် ပရီးမီးယားလိဂ်ပွဲ ၅ ပွဲကစားခွင့် ရရှိထားခဲ့ပြီးဖြစ်တဲ့ ဒေါ်မန်းဟာ အသက် ၁၆ နှစ်၊ ၁၄၄ ရက်ဖြင့် ပရီးမီးယားလိဂ်သမိုင်းတွင် အသက်အငယ်ဆုံးပွဲထွက်ကစားခွင့်ရသူ ဖြစ်လာတာ ဖြစ်ပါတယ်။
သူဟာ ၂၀၀၈ ခုနှစ်တုန်းက အဲဗာတန်အတွက် အသက် ၁၆ နှစ်နှင့် ၁၉၈ ရက်တွင် ပွဲထွက်ကစားခွင့်ရခဲ့တဲ့ ဂျိုဆေးဘက်စ်တာရဲ့စံချိန်ကို ရိုက်ချိုးလာတာလည်း ဖြစ်ပါတယ်။
ဒေါ်မန်းဟာ အာဆင်နယ်နှင့်အတူ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီးနောက် အသက်အငယ်ဆုံးပရီးမီးယားလိဂ်ချန်ပီယံအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူထားသူလည်း ဖြစ်ပါတယ်။
သူဟာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတုန်းက အသက် ၁၅ နှစ်နှင့် ၃၀၈ ရက်ဖြင့် ချန်ပီယံလိဂ်သမိုင်းတွင် အသက်အငယ်ဆုံးပွဲကစားခွင့်ရသူအဖြစ်လည်း သမိုင်းမှတ်တိုင်စိုက်ထူခဲ့သူ ဖြစ်ပါတယ်။
သူဟာ ၂၀၂၅ ခုနှစ် ဩဂုတ်လတုန်းက အသက် ၁၅ နှစ်နှင့် ၂၃၅ ရက်ဖြင့် ပရီးမီးယားလိဂ်တွင် အသက်အငယ်ဆုံး ပွဲကစားခွင့်ရသူအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူခဲ့သလို မတ်လတုန်းက အဲဗာတန်နှင့်ပွဲတွင် ဂိုးသွင်းယူပြီးနောက် အသက်အငယ်ဆုံးဂိုးသွင်းယူသူအဖြစ်လည်း သမိုင်းမှတ်တိုင်စိုက်ထူခဲ့သူ ဖြစ်ပါတယ်။

image