4 ရက် - ဘာသာပြန်ပါ။

ယခုရာသီတွင် ၃ ပွဲတည်းသာ ပွဲထွက်ခွင့်ရထားပေမဲ့ အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလားအသင်းတွင် နောက်ကျ ရွေးချယ်ခံလာရတဲ့ အာဆင်နယ်စတား
====================

သောမတ်စ်တူချယ်ဟာ အာဆင်နယ်ပါရမီရှင်အီသန်နဝမ်နရီအား အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလားအသင်းနှင့် ပူးပေါင်းရန် ဖိတ်ကြားလာပါတယ်။
အသက် ၁၉ နှစ်ရှိ နဝမ်နရီဟာ အင်္ဂလန်အသင်းနှင့်အတူ အမေရိကန်သို့ လိုက်ပါခွင့် ရရှိလာမှာ ဖြစ်ပြီး ဖလိုရီဒါအခြေစိုက်စခန်းတွင် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းနှင့် အတူ လေ့ကျင့်ခွင့် ရရှိလာပါမယ်။
နဝမ်နာရီဟာ မာဆေးလ်သို့ အငှားဖြင့် သွားရောက်ကစားစဉ်အတွင်း ၃ ပွဲတည်းသာ ကစားခွင့် ရရှိခဲ့ပေမဲ့လည်း အနာဂတ်တွင် ထွန်းတောက်လာမဲ့ ကြယ်ပွင့်အဖြစ် သတ်မှတ်ခံထားရတုန်း ဖြစ်ပါတယ်။
တူချယ်ဟာ အလယ်တန်းတိုက်စစ်သမားအား အင်္ဂလန်အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းရန် ဖိတ်ကြားကာ သူ့အတွက် လှပတဲ့ အနာဂတ်ရှိနေတယ်လို့ ယုံကြည်ကြောင်း ပြသလာတာပါ။
တူချယ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် အင်္ဂလန်အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းရန် နဝမ်နရီအပြင် ဘုန်းမောက်အလယ်တန်းကစားသမားအဲလက်စ်စကော့၊ ဖူလ်ဟမ်ရဲ့ ဂျိုစ်ကိန်း၊ လီဗာပူးပါရမီရှင်ရီယိုအန်ဂူမိုဟာတို့ကိုလည်း ဖိတ်ကြားထားပါသေးတယ်။
ယင်းကစားသမား ၄ ဦးတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် အင်္ဂလန်အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းခွင့် ရရှိလာကြပါမယ်။
နဝမ်နရီဟာ ၁၅ နှစ်နှင့် ၁၈၁ ရက်ဖြင့် ပရီးမီးယားလိဂ်တွင် အသက်အငယ်ဆုံးပွဲကစားခွင့် ရရှိသူအဖြစ် သမိုင်းမှတ်တိုင် စိုက်ထူခဲ့သူ ဖြစ်ပါတယ်။
သူဟာ ၂၀၂၄-၂၅ ရာသီအတွင်းတွင် ပြိုင်ပွဲအရပ်ရပ် ၃၇ ပွဲကစားခွင့် ရရှိခဲ့ကာ ၉ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
အာတီတာဟာ ယခုရာသီတွင် နဝမ်နရီအား ပုံမှန်ပွဲထွက်ခွင့် ကစားခွင့် ရနိုင်တဲ့ မာဆေးသို့ အငှားချခဲ့တာပါ။
အင်္ဂလန်အသင်းဟာ ဇွန်လအစောပိုင်းတွင် အမေရိကန်သို့ ထွက်ခွာပြီး နယူးဇီလန်၊ ကော့တစာရီကာတို့နှင့် ခြေစမ်းပွဲ ကစားသွားပါဦးမယ်။
အင်္ဂလန်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ကန်ဆက်စ်တင် အခြေစိုက်လာမှာ ဖြစ်ပြီး ဇွန်လ ၁၇ ရက်နေ့တွင် ခရိုအေးရှားနှင့် အုပ်စုအဖွင့်ပွဲ ကစားရပါမယ်။

image