4 ရက် - ဘာသာပြန်ပါ။

စစ်ပွဲပဋိပက္ခကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် အမေရိကန်မှ မက္ကဆီသို့ ပြောင်းရွှေ့ အခြေစိုက်လာမဲ့ အီရန်အသင်း
===================

အီရန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် အမေရိကန်မှ မက္ကဆီကိုသို့ ပြောင်းရွှေ့အခြေစိုက်ရေး ဖီဖာအား နားသွင်းဖျောင်းဖျမှု အောင်မြင်လာခဲ့ပြီ ဖြစ်ပါတယ်။
အီရန်အသင်းဟာ အစောပိုင်းတုန်းက အရီဇိုးနားတွင် အခြေစိုက်ရန် စီစဉ်ထားခဲ့ပေမဲ့ ဒေသတွင်း ပဋိပက္ခနှင့် လုံခြုံရေးအခြေအနေကြောင့် အမေရိကန်အခြေစိုက်ရေး စိုးရိမ်နေရပါတယ်။
ယခုအခါ အီရန်ဘောလုံးအဖွဲ့ချုပ်က ဖီဖာက အမေရိကန်မှ မက္ကဆီကိုသို့ ပြောင်းရွှေ့အခြေစိုက်ရေး ခွင့်ပြုချက်ပေးလာပြီ ဖြစ်ကြောင်း အတည်ပြုလာပါတယ်။
အစောပိုင်းတုန်းက အရီဇိုးနားတွင် အခြေစိုက်ရန် စီစဉ်ထားတဲ့ အီရန်အသင်းဟာ ယခုအခါ မက္ကဆီကိုနိုင်ငံ၊ တီဂျူအာနာတွင် အခြေစိုက်လာတော့မှာ ဖြစ်ပါတယ်။
မက္ကဆီကိုဟာ တူဆန်ရှိ Kino Sports Complex တွင် အခြေစိုက်ရန် စီစဉ်ထားခဲ့ပေမဲ့လည်း အီရန်နှင့် အမေရိကန်တို့အကြား စစ်ရေးအရ တင်းမာမှုများ ဆက်လက် ဖြစ်ပေါ်နေမှုနှင့်အတူ လုံခြုံရေးအရ စိုးရိမ်စရာ ရှိနေခဲ့ပါတယ်။
ယခုအခါမှာ အီရန်အသင်းသားတို့ဟာ မက္ကဆီကိုတွင် အခြေစိုက်လာမှုနှင့်အတူ ထိန်းချုပ်ထားနိုင်တဲ့ ပတ်ဝန်းကျင်တွင် နေထိုင်လေ့ကျင့်လာရတော့မှာ ဖြစ်ပါတယ်။
အီရန်ဟာ မက္ကဆီကိုသို့ ပြောင်းရွှေ့အခြေစိုက်လာမှုနှင့်အတူ ကမ္ဘာ့ဖလားအုပ်စုပွဲများအတွက် ခရီးစဉ်များအား ခက်ခဲစွာ ပြင်ဆင်လာရတော့မှာ ဖြစ်ပါတယ်။
အီရန်ဟာ ကမ္ဘာ့ဖလားအုပ်စုပွဲများဖြစ်ကြတဲ့ နယူးဇီလန်၊ ဘယ်လ်ဂျီယံနှင့် အီဂျစ်တို့နှင့်ပွဲအားလုံးကို အမေရိကန်တွင်ပင် ကစားလာရမှာ ဖြစ်ပြီး ပွဲများအတွက် ခရီးကြန့်ကြာမှုများ ရှိလာပါမယ်။
အီရန်ဟာ အစောပိုင်းတုန်းက အမေရိကန်တွင် ကစားရမဲ့ပွဲများကို မက္ကဆီကိုတွင် ပြောင်းကစားရေး တောင်းဆိုခဲ့ပေမဲ့ ပွဲများကို စီစဉ်ထားပြီးဖြစ်တာနဲ့အညီ ဖီဖာရဲ့ ငြင်းပယ်ခြင်းခံခဲ့ရပါတယ်။

image