5 ရက် - ဘာသာပြန်ပါ။

အမျိုးသမီးချန်ပီယံလိဂ်ဖလားအား နောက်ဆုံး ၆ ရာသီအတွင်း ၄ ကြိမ်မြောက် ဆွတ်ခူးလာတဲ့ ဘာစီလိုနာ
==================

ဘာစီလိုနာဟာ အော်စလိုတွင် ကစားတဲ့ အမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အိဝါပါဂျော်နဲ့ ဆယ်မာပါရယ်လူလိုတို့ရဲ့ ဒုတိယပိုင်း သွင်းဂိုး ၂ ဂိုးစီတို့ဖြင့် လိုင်ယွန်အား ၄-၀ ဖြင့် အနိုင်ရရှိကာ နောက်ဆုံး ၆ ရာသီအတွင်း ၄ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားအား ဆွတ်ခူးလာပါတယ်။
ပွဲချိန် ၅၅ မိနစ်တွင် ပါဂျော်က ပါထရီဂူဂျာရိုရဲ့ ပေးပို့မှုကနေ အနိမ့်ဘောကန်သွင်းပြီး ဘာစီလိုနာအတွက် ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။
ယင်းနောက် ပိုလန်တိုက်စစ်မှူးဟာ ၁၄ မိနစ်အကြာမှာ ပါရယ်လူလိုရဲ့ ဖြတ်တင်ဘောကနေ ပိတ်သွင်းကာ ဘာစီလိုနာအတွက် ဒုတိယဂိုးအား ထပ်မံသွင်းယူခဲ့ပါတယ်။
မိနစ် ၉၀ မှာ ပယ်ရယ်လူလိုက ဧရိယာအပြင်ကနေ အပြင်းကန်ချက်ဖြင့် တတိယဂိုးသွင်းခဲ့ပြီးနောက် အချိန်ပိုတွင် ပါဂျော်ရဲ့ ဖန်တီးမှုကနေ စတုတ္ထဂိုးအား သွင်းယူခဲ့ပါတယ်။
ဘာစီလိုနာဟာ ပြီးခဲ့တဲ့နှစ် လစ္စဘွန်းချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အာဆင်နယ်ကို အံ့ဩသင့်ဖွယ် ရှုံးနိမ့်ပြီးနောက် ချန်ပီယံလိဂ်ဖလားအား ထပ်မံ ဆွတ်ခူးလာတာလည်း ဖြစ်ပါတယ်။
ဘာစီလိုနာနှင့် လိုင်ယွန်တို့ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ၄ ကြိမ်မြောက် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်တုန်းက ဘာစီလိုနာကို ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်အောင် ဦးဆောင်ခဲ့တဲ့ လိုင်ယွန်နည်းပြဂျိုနာသန်ဂီရယ်ဒက်ဇ်ဟာ သူ့ရဲ့ လက်ထောက်နည်းပြဟောင်းရူမြူးကို အရေးနိမ့်လာတာလည်း ဖြစ်ပါတယ်။
ဘာစီလိုနာဟာ ယခုရာသီတွင် လာလီဂါဖလား၊ စပိန်စူပါဖလား၊ ကိုပါဒယ်ရေးတို့ကိုလည်း ဆွတ်ခူးထားတာ ဖြစ်ပြီး ဆုဖလား ၄ လုံးလုံး ဆွတ်ခူးလာနိုင်ခဲ့ပါတယ်။

image