ချန်ပီယံလိဂ်ဝင်ခွင့် ရရှိပြီး တစ်နှစ်အကြာတွင် လာလီဂါမှ တန်းဆင်းလာရတဲ့ ဂီရိုနာ
===================

ဂီရိုနာဟာ ချန်ပီယံလိဂ်ကစားပြီး တစ်ရာသီအကြာတွင်ပင် လာလီဂါမှ တန်းဆင်းလာရပါတယ်။
လွန်ခဲ့တဲ့နှစ်ရာသီတုန်းက လာလီဂါတွင် အဆင့် ၃ နေရာတွင်အထိ ရပ်တည်ခဲ့တဲ့ ကက်တလန်အခြေစိုက်ကလပ်ဟာ လာလီဂါတွင် တင်ကျန်ရေး ရာသီသိမ်းပွဲတွင် အယ်လ်ချီအား အနိုင်ရရှိရန် လိုအပ်နေပေမဲ့ ၁ ဂိုးစီသရေကျမှုနှင့်အတူ တန်းဆင်းလာရတာလည်း ဖြစ်ပါတယ်။
တဖက်တွင် မာယော့ကာမှာလည်း အမှတ်ပေးဇယားကြမ်းခင်းမှ အိုဗီဒိုအား ၃-၀ ဖြင့် အနိုင်ရရှိပြီး အိုဆာဆူနာ၊ လီဗန်တေးတို့နှင့် ရမှတ် ၄၂ မှတ်တူညီနေပေမဲ့ ထိပ်တိုက်တွေ့ဆုံရလဒ်ကြောင့် တန်းဆင်းသွားခဲ့ရပါတယ်။
ဗလင်စီယာမှာ ရာသီသိမ်းပွဲတွင် ချန်ပီယံ ဘာစီလိုနာအား ၃-၁ ဖြင့် အနိုင်ရခဲ့ပေမဲ့လည်း ဥရောပဝင်ခွင့်နှင့် လွဲချော်သွားခဲ့ပါတယ်။
ဆဲလ်တာဗီဂိုက ဆီဗီလာအား ၁-၀ ဖြင့် အနိုင်ရရှိကာ ယူရိုပါလိဂ်ဝင်ခွင့် အဆင့် ၆ နေရာမှာ ရပ်တည်ခဲ့သလို ဂီတာဖေးမှာလည်း အိုဆာဆူနာအား ၁-၀ ဖြင့် အနိုင်ရရှိကာ ကွန်ဖရင့်လိဂ်ဝင်ခွင့် အဆင့် ၇ နေရာမှာ ရပ်တည်ခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်စူပါစတားကိုင်လီယန်ဘက်ပေးဟာ ဘီလ်ဘာအိုအား ၄-၂ ဖြင့် အနိုင်ရတဲ့ ရာသီသိမ်းပွဲတွင် ဂိုးထပ်မံ သွင်းယူနိုင်ခဲ့ပြီးနောက် ၂၅ ဂိုးဖြင့် လာလီဂါဂိုးသွင်းဘုရင်ဆုအား ထပ်မံ ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

image