5 ရက် - ဘာသာပြန်ပါ။

ဟယ်ရီကိန်းရဲ့ဟက်ထရစ်ဂိုးတွေနှင့် ဂျာမန်ပိုကယ်ဖလားချန်ပီယံဖြစ်လာတဲ့ ဘိုင်ယန်မြူးနစ်
===================

ဘိုင်ယန်မြူးနစ်ဟာ အင်္ဂလန်အသင်းခေါင်ဆောင်ဟယ်ရီကိန်းရဲ့ဟက်ထရစ်ဂိုးနဲ့ စတုဂဂတ်အား ဂျာမန်ပိုကယ်ဖလားဗိုလ်လုပွဲမှာ အနိုင်ရရှိကာ ပြည်တွင်းဆုဖလား ၂ လုံးလုံးအား ဆွတ်ခူးလာပါတယ်။
ဘာလင်ရှိ Olympiastadion တွင် ကစားတဲ့ ဗိုလ်လုပွဲ ပထမပိုင်းတွင် ဂိုးမရှိသရေကျခဲ့ပေမဲ့ ဒုတိယပိုင်း ၅၅ မိနစ်မှာတော့ ဟယ်ရီကိန်းက မိုက်ကယ်အိုလစ်ရဲ့ ညာခြမ်းမှ ဖြတ်တင်ဘောကနေ ခေါင်းတိုက်ကာ ဦးဆောင်ဂိုး သွင်းခဲ့ပါတယ်။
ယင်းနောက် ၁၀ မိနစ်အကြာမှာ ဟယ်ရီကိန်းကပင် လူးဝစ်ဒီယာ့ဇ်ရဲ့ ပေးပို့မှုကနေ တစ်ပတ်လှည့်ပြီး အနိမ့်ဘောကန်ကာ ဒုတိယဂိုးသွင်းခဲ့ပါတယ်။
အချိန်ပိုမှာတော့ ဟယ်ရီကိန်းကပင် ပင်နယ်တီကနေ တဆင့် ဟက်ထရစ်ဂိုးအား သွင်းယူခဲ့ပါတယ်။
ဟယ်ရီကိန်းဟာ ဂျာမန်ပိုကယ်ဖလားဗိုလ်လုပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ပြီးနောက် ယခုရာသီ ၅၁ ပွဲတွင် ၆၁ ဂိုးအထိ သွင်းယူကာ ရာသီသိမ်းနိုင်ခဲ့ပါတယ်။
ဟယ်ရီကိန်းဟာ ၂၀၂၃ ခုနှစ်တွင် စပါးစ်မှ ပြောင်းလာပြီးနောက် ဘိုင်ယန်မြူးနစ်နှင့်အတူ ဆုဖလား ၄ လုံး ဆွတ်ခူးထားနိုင်ပြီ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ဂျာမန်ပိုကယ်ဖလားကို ၂၁ ကြိမ်မြောက် ဆွတ်ခူးလာနိုင်ခဲ့တာ ဖြစ်ပြီး ၂၀၁၉-၂၀ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ဆွတ်ခူးလာတာလည်း ဖြစ်ပါတယ်။

image