ချန်ပီယံလိဂ်ဗိုလ်လုပွဲအား ဗြိတိန်တွင် အခမဲ့ထုတ်လွှင့်ပေးရန် အာဆင်နယ်အမာခံပရိသတ် ဗြိတိန်ဝန်ကြီးချုပ်ကီယာစတာမာ တောင်းဆိုလာ
==================
ဆာကီယာစတာမာဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအား ဗြိတိန်တွင် အခမဲ့ရုပ်သံထုတ်လွှင့်ပေးရန် ရုပ်သံကုမ္ပဏီအကြီးအကဲများကို တောင်းဆိုလာပါတယ်။
အာဆင်နယ်အမာခံပရိသတ်က အာဆင်နယ်နှင့် ပီအက်စ်ဂျီတို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအား ၃၄ နှစ်အတွင်းတွင် ပထမဆုံးအကြိမ်အဖြစ် ဗြိတိန်တလွှားမှ ပရိသတ်များ အခမဲ့ ကြည့်ခွင့် မရမှုကြောင့် စိတ်မကောင်းဖြစ်ရကြောင်းလည်း ဆိုသွားပါတယ်။
ကီယာစတာမာအားပေးတဲ့ အာဆင်နယ်ဟာ လာမဲ့စနေနေ့ ဘူဒါပတ်စ်ဗိုလ်လုပွဲတွင် ပီအက်စ်ဂျီအား အနိုင်ရရှိပါက ကလပ်သမိုင်းတွင် ပထမဆုံးချန်ပီယံလိဂ်ဖလားအား ကိုင်မြှောက်လာနိုင်ပါမယ်။
အဆိုပါပွဲစဉ်အား ဗြိတိန်တွင် တိုက်ရိုက်ထုတ်လွှင့်ခွင့်အား TNT Sports က ရယူထားပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်က "ချန်ပီယံလိဂ်ဗိုလ်လုပွဲက ကမ္ဘာ့ဘောလုံးလောကမှာ အကြီးကျယ်ဆုံးကလပ်ပွဲ ဖြစ်ပါတယ်။ ဒီတော့ ဘောလုံးရဲ့အိမ်လို့ ပြောရမဲ့ ဒီနိုင့်ငံက ပရိသတ်တွေ ကြည့်ခွင့်ရသင့်တယ်။ ဒီပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို အခမဲ့ကြည့်ခွင့်ရသင့်တယ်လို့ ယုံကြည်တယ်။ အာဆင်နယ်ပါသည်ပဲ ဖြစ်ဖြစ် မပါသည်ပဲ ဖြစ်ဖြစ်။ ပြီးတော့ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် သမိုင်းဝင် ဗိုလ်လုပွဲကစားခွင့်ရလာမဲ့ ကျွန်တော့်အသင်းကိုလည်း အခြားပရိသတ်တွေ ကြည့်စေချင်တယ်။ ဒါမှ အသင်းအားလုံးပရိသတ်တွေ ဧည့်ခံထဲမှာ၊ နိုင်ငံရဲ့စားသောက်ဆိုင်တွေတိုင်းမှာ ထိပ်တန်းကစားသမားတွေရဲ့ ဥရောပတိုက်ပွဲကို ကြည့်ခွင့်ရပါမယ်"လို့ ပြောကြားသွားပါတယ်။
ဒါပေမဲ့ ဒီပွဲကို ဗြိတိန်မှ ဘောလုံးပရိသတ်များ အခမဲ့ကြည့်ခွင့်ရလာကြမှာ မဟုတ်ပါဘူး။
HBO Max အား လပေးသုံးသူများနှင့် TNT အား လပေးသုံးသူများသာ ကြည့်ခွင့်ရလာပါမယ်။