စကော့တလန်ပြည်တွင်း ဆုဖလား ၂ လုံး ချန်ပီယံဖြစ်လာတဲ့ ဆဲလ်တစ်
==================
ဆဲလ်တစ်ဟာ စကော့တလန်ဖလားဗိုလ်လုပွဲတွင် Dunfermline Athletic ကို ၃-၁ ဖြင့် အနိုင်ယူကာ ယာယီနည်းပြမာတင်အိုနေးလ်လက်အောက်တွင် ပြည်တွင်းဖလား ၂ လုံးအား ဆွတ်ခူးလာပါတယ်။
ဆဲလ်တစ်ဟာ ပထမပိုင်းတွင် မီဒါ၊ အန်ဂျယ်တို့ သွင်းယူတို့ဖြင့် ဦးဆောင်နိုင်ခဲ့သလို ဒုတိယပိုင်းတွင် အိုင်ဟီယန်ချိုရဲ့ ဂိုးဖြင့် ၃-၀ ဖြင့် ဦးဆောင်နိုင်ပြီးမှ ပွဲချိန် ၈၀ မိနစ်တွင် ကိုးပါးရဲ့ ဂိုးကြောင့် ချေပဂိုးပေးခဲ့ရတာလည်း ဖြစ်ပါတယ်။
ဆဲလ်တစ်ဟာ စကော့တလန်ရှုံးထွက်ဖလားကို ၆၃ ကြိမ်မြောက် စံချိန်တင်ဆွတ်ခူးလာတာလည်း ဖြစ်ပါတယ်။
တဖက်တွင် ယာယီနည်းပြမာတင်အိုနေးလ်မှာလည်း အနာဂတ် မရေမရာ ဖြစ်နေတုန်း ဖြစ်ပါတယ်။ အိုနေးလ်ဟာ ယခုရာသီ အစပိုင်းတုန်းက အခြေအနေ ယိမ်းယိုင်နေခဲ့တဲ့ ဆဲလ်တစ်ကို နောက်ဆုံးတွင် နှစ် ၃၀ တွင် ၂၃ ကြိမ်မြောက်ဖလားအား ရယူပေးထားနိုင်ပါတယ်။