USDP ပါတီ ဒုဥက္ကဋ္ဌ ဦးလှထွန်းနှင့်အဖွဲ့ ဒုတိယအကြိမ်နိုင်ငံတကာညီလာခံတက်ရောက်ရန် ဘယ်လာရုစ်နိုင်ငံထွက်ခွာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ဒုဥက္ကဋ္ဌဦးလှထွန်း၊ ပါတီဗဟိုအလုပ်အမှုဆောင်ဦးလှသိန်း၊ နိုင်ငံတကာရေးရာဌာန ဌာနမှူးဦးနိုင်ဝင်းတို့သည် ယနေ့ မေ ၂၄ ရက်ည ၆ နာရီက ရန်ကုန်လေဆိပ်မှတစ်ဆင့် ဘယ်လာရုစ်နိုင်ငံသို့ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီ၏ဖိတ်ကြားချက်အရ ဒုတိယအကြိမ်နိုင်ငံတကာညီလာခံတက်ရောက်ရန် ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

image