5 ရက် - ဘာသာပြန်ပါ။

ခရစ္စတီယာနိုရော်နယ်ဒိုအား ကျော်ဖြတ်ကာ ဆော်ဒီတစ်နှစ်တာအကောင်းဆုံးကစားသမားဆုအား ချဲလ်ဆီးအရှုံးသမားဆွတ်ခူးလာ
=====================

ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်တွင် ၂၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုမှာတော့ Al-Nassr ကစားဖော်ဂျိုအာဖီးလစ်အား အရေးနိမ့်သွားခဲ့ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ယခုရာသီတွင် ၂၈ ဂိုးသွင်းယူကာ Al-Nassr နှင့်အတူ ပထမဆုံးအရေးပါတဲ့ ဆုဖလားအဖြစ် ဆော်ဒီပရိုလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဆော်ဒီတွင် တစ်နေ့လျှင် ပေါင် ၄၈၈၀၀ ရရှိနေတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုဟာ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ပြိုင်ပွဲမှာတော့ ပေါ်တူဂီနှင့် Al-Nassr ကစားဖော်ဖီးလစ်အား အရေးနိမ့်လာပါတယ်။
ချဲလ်ဆီးတွင် မအောင်မြင်ခဲ့တဲ့ ဂျိုအာဖီးလစ်ဟာလည်း ဂိုး ၂၀ သွင်းပြီး ၁၃ ကြိမ် ဖန်တီးကာ Al-Nassr ကို ချန်ပီယံဖြစ်အောင် အရေးပါတဲ့ အခန်းကဏ္ဍမှ ကူညီခဲ့သူ ဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုနှင့် ဂျိုအာဖီးလစ်တို့ဟာ ဆော်ဒီပရိုလိဂ်ရာသီသိမ်းလာမှုနှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာရုံစိုက်လာကြတော့မှာလည်း ဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ၂၀၂၂ ခုနှစ်တွင် အဲရစ်တန်ဟက်နှင့် ပြဿနာတက်ပြီးနောက် ယူနိုက်တက်မှ ထွက်ခွာကာ Al-Nassr သို့ ရောက်လာခဲ့သူ ဖြစ်ပါတယ်။ သူဟာ Al-Nassr အတွက် ၁၄၂ ပွဲကစားထားရာမှာ ၁၂၃ ဂိုးအထိ သွင်းထားနိုင်ပါတယ်။
သူဟာ ယခုနှစ်တွင် ဆော်ဒီပရိုလိဂ်ဂိုး ၂၈ ဂိုးအထိ သွင်းထားပေမဲ့လည်း ရွှေဖိနပ်ဆုနှင့်လည်း လွဲခဲ့ပါတယ်။ ဆော်ဒီပရိုလိဂ်ရွှေဖိနပ်ဆုကို Al-Qadsia တိုက်စစ်မှူးဂျူလီယန်ကွင်နိုနက်စ်က ဆွတ်ခူးသွားပါတယ်။
ဒါ့အပြင် ဆော်ဒီပရိုလိဂ်တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကိုလည်း Al-Nassr နည်းပြဂျီးဆပ်စ်ကပင် ဆွတ်ခူးသွားခဲ့ပါတယ်။

image