5 ရက် - ဘာသာပြန်ပါ။

ကမ္ဘာ့ဖလားအပြီးတွင် ဥရုဂွေးနည်းပြရာထူးမှ ထွက်ခွာလာမဲ့ ဘီရယ်ဆာ
==================

မာဆယ်လိုဘီရယ်ဆာက ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ဥရုဂွေးနည်းပြရာထူးမှ ထွက်ခွာလာတော့မှာ ဖြစ်ကြောင်း အတည်ပြု ကြေညာလာပါတယ်။
ဂန္ထဝင်နည်းပြဟာ လိဒ်ကို ၄ နှစ်တာ ကိုင်တွယ်ပြီးနောက် ၂၀၂၃ ခုနှစ်ကတည်းက ဥရုဂွေးအသင်းကို ကိုင်တွယ်လာခဲ့တာပါ။
ယခုအခါမှာတော့ အသက် ၇၀ နှစ်ရှိ အာဂျင်တီးနားဝါရင့်နည်းပြက ကမ္ဘာ့ဖလားအပြီးတွင် ဥရုဂွေးအသင်းမှ ထွက်ခွာမယ်လို့ ကြေညာလာပါတယ်။
ဘီရယ်ဆာဦးဆောင်တဲ့ ဥရုဂွေးဟာ ကမ္ဘာ့ဖလားအုပ်စုအတွင်းတွင် ကိတ်ဗာဒီ၊ ဆော်ဒီ၊ အာဂျင်တီးနားတို့နှင့် တစ်အုပ်စုတည်းကျရောက်နေပါတယ်။
ဘီရယ်ဆာဟာ ၁၉၉၀ ခုနှစ်တွင် မွေးရပ်မြေကလပ် Newell’s Old Boys ကို ကိုင်တွယ်ကာ နည်းပြလောကသို့ ဝင်ရောက်ခဲ့သူ ဖြစ်ပြီး မက္ကဆီကို၊ စပိန်နှင့် ပြင်သစ်တို့တွင်လည်း နည်းပြဘဝ ကျင်လည်ခဲ့သလို အာဂျင်တီးနားအသင်းနှင့် ချီလီအသင်းတို့ကိုလည်း ကိုင်တွယ်ဖူးပါတယ်။
သူဟာ အာဂျင်တီးနားကို ၂၀၀၂ ကမ္ဘာ့ဖလားတုန်းက အုပ်စုအဆင့်မှတက်အောင် စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိပေမဲ့ အိုလံပစ်ရွှေတံဆိပ်ဆု ရအောင် စွမ်းဆောင်ခဲ့ဖူးပါတယ်။

image