5 ရက် - ဘာသာပြန်ပါ။

ကစားသမားဘဝမှ အနားယူကြောင်း ကြေညာလာတဲ့ ကမ္ဘာ့ဖလားချန်ပီယံ ပိုဒေါ့စကီး
======================

၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံလူးကပ်စ်ပိုဒေါ့စကီးက နွေရာသီတွင် ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှ အနားယူလာတော့မှာ ဖြစ်ကြောင်း ကြေညာလာပါတယ်။
ကိုလုံးဂန္ထဝင်ကစားသမားဟာ ပိုလန်ကလပ် Gornik Zabrze တွင် ကစားနေသူ ဖြစ်ပြီး ယခုလအစောပိုင်းတုန်းက ကလပ်ရဲ့ ၃၈ နှစ်တာ သမိုင်းတွင် ပထမဆုံးဆုဖလားအဖြစ် ပိုလန်ရှုံးထွက်ဖလားရရှိအောင် ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် Gornik Zabrze သို့ ရောက်လာပြီးနောက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကလပ်ရဲ့ ရှယ်ယာ ၈.၃ ရာခိုင်နှုန်းအား ဝယ်ယူခဲ့ပါတယ်။
ယင်းနောက် သူဟာ Gornik Zabrze ရဲ့ ရှယ်ယာ ၈၆ ရာခိုင်နှုန်းအား ထပ်မံ ဝယ်ယူလိုက်ပြီးနောက် တစ်ရက်အကြာမှာ ကစားသမားဘဝမှ အနားယူမယ်လို့ အင်စတာဂရမ်ကနေ ကြေညာလာတာလည်း ဖြစ်ပါတယ်။
ကိုလုံးအကယ်ဒမီထွက် ပိုဒေါ့စကီးဟာ ၂၀၀၃ ခုနှစ်တွင် ကိုလုံးနှင့်အတူ ပထမဆုံးပရော်ဖက်ရှင်နယ်ပွဲကစားခွင့် ရရှိပြီးနောက် ဘိုင်ယန်မြူးနစ်၊ အာဆင်နယ်။ အင်တာမီလန်၊ ဂါလာတာစာရေး၊ ဗစ်ဆယ်ကိုဘီ၊ အန်တယ်ယာစပေါ်တို့တွင် ကစားခဲ့ဖူးပါတယ်။
သူဟာ ဂျာမနီအသင်းအတွက် ပွဲ ၁၃၀ ကစားခဲ့ရာမှာ ၄၉ ဂိုးသွင်းပေးခဲ့ပါတယ်။

image