လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားပြီ

တတိယအကြိမ် လွှတ်တော်များ၏ ဒုတိယပုံမှန်အစည်းအဝေးသို့တက်ရောက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်ရန်အတွက် ပြင်ဆင်ဆောက်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ထားမှုများကို နေပြည်တော်ကောင်စီဥက္ကဋ္ဌမြို့တော်ဝန် ဦးကံမြင့်သန်းက လိုက်လံကြည့်ရှု စစ်ဆေးခဲ့‌ ကြောင်း သိရသည်။
ယင်းကဲ့သို့ စစ်ဆေးရာ၌ ဒက္ခိဏသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရိပ်သာ၌ နေရာချထားမည့် အဆောင်(၃)ခု၏ အိပ်ဆောင်များ၊ ဧည့်တွေ့ဆောင်များ၊ နားနေဆောင်များ၊ ကျန်းမာရေးစောင့် ရှောက်မှုဆေးပေးခန်း၊ စားရိပ်သာအဆောင်များတွင် ချက်ပြုတ် စားသောက်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ရေ၊ လျှပ်စစ်မီးရရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့သည်ဟု သိရသည်။
မြို့တော်ဝန်ကအိပ်ဆောင်များတွင် အမှိုက်ပုံးများထားရှိပေးရန်နှင့် အမှိုက်သိမ်းစနစ်အား စနစ်တကျဆောင်ရွက်ရန်၊ အဆောင်ဘေးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် မြက်ချုံရှင်းလင်းခြင်း လုပ်ငန်းဆောင်ရွက်ရန်နှင့် လုံခြုံရေးစနစ်ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သေးသည်။
တတိယအကြိမ် လွှတ်တော်များ၏ ဒုတိယပုံမှန် အစည်းအဝေးသည် လာမည့် ဇွန် (၂) ရက်မှ စတင်မည်ဖြစ်ကာ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် မေလ (၃၀) ရက်ထက် မစော၊ (၃၁) ရက်ထက် နောက်မကျစေဘဲ နေပြည်တော်သို့ လာရောက်ရန် ခေါ်ယူထားပြီးဖြစ်ကြောင်းလည်း သိရသ ည်။

image