၂၀၂၅-၂၆ ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် မော်ဂန်ရော်ဂျာစ် ရွေးချယ်ခံရ
အက်စတွန်ဗီလာအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား မော်ဂန်ရော်ဂျာစ်ဟာ ၂၀၂၅-၂၆ ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။
အင်္ဂလန်ကစားသမား မော်ဂန်ရော်ဂျာစ်ဟာ ဒီရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာ (၁၅)ပွဲစလုံး ကစားခွင့်ရခဲ့သူဖြစ်ပြီး (၃)ဂိုးသွင်းကာ ဂိုးဖန်တီးမှု(၅)ကြိမ် ပြုလုပ်ခဲ့ပါတယ်။
ပွဲကစားချိန်စုစုပေါင်း (၁၀၈၈)မိနစ်ရှိခဲ့ပြီး အက်စတွန်ဗီလာကစားသမားတွေထဲမှာ ပွဲချိန်အများဆုံးကစားခဲ့ရသူပါ။
အက်စတွန်ဗီလာအသင်း ယူရိုပါလိဂ်ချန်ပီယံဆု ရရှိခဲ့ရာမှာ အရေးအပါဆုံးကစားသမားအဖြစ် ခြေစွမ်းပြခဲ့တာကြောင့် အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပါတယ်။
အကောင်းဆုံးလူငယ်ကစားသမားဆုကိုတော့ ဖရိုင်းဘတ်ကွင်းလယ်ကစားသမား မန်ဇမ်ဘီက ရရှိခဲ့ပါတယ်။
UEFA က ယူရိုပါလိဂ်အကောင်းဆုံးအသင်းကိုလည်း ရွေးချယ်ခဲ့ပြီး ချန်ပီယံ အက်စတွန်ဗီလာအသင်းက မာတီနက်ဇ်၊ မက်ဂင်း၊ ဘူယန်ဒီယာနဲ့ မော်ဂန်ရော်ဂျာစ်တို့ ရွေးချယ်ခံခဲ့ရပါတယ်။