ဘောလုံးကနေ ခေတ္တအနားယူမယ်လို့ ဂွါဒီယိုလာ အတည်ပြု
မန်စီးတီးနည်းပြရာထူးကနေ နုတ်ထွက်တော့မယ့် ဂွါဒီယိုလာက အသင်းနဲ့ လမ်းခွဲတော့မယ်လို့ ကြေညာပြီးနောက် ဘောလုံးကနေ ခေတ္တ
အနားယူမယ်လို့ အတည်ပြုခဲ့ပါတယ်။
ဂွါဒီယိုလာ(၅၅ နှစ်)ဟာ မန်စီးတီးအသင်းနဲ့ ၁၀ နှစ်ကြာလက်တွဲမှုကို အဆုံးသတ်တော့မယ်လို့ ယနေ့က ကြေညာခဲ့ပါတယ်။
၎င်းအနေနဲ့ မနက်ဖြန် အက်စတွန်ဗီလာနဲ့ကစားရမယ့် ပရီးမီးယားလိဂ်ရာသီပိတ် အိမ်ကွင်းပွဲကို နောက်ဆုံးကိုင်တွယ်မှာပါ။
ဂွါဒီယိုလာအနေနဲ့ လက်ရွေးစင်အသင်းနည်းပြအလုပ်တချို့အတွက် ချိတ်ဆက်မှုတွေ ရှိခဲ့ပါတယ်။
ဒါပေမဲ့ ဂွါဒီယိုလာက နောက်ထပ်ဘာလုပ်မလဲ မဆုံးဖြတ်ခင် အချိန်ကာလတစ်ခုကြာ အနားယူမယ်လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းပိုင်ရှင် City Football Group (CFG)ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးသံတမန်နဲ့ CFG ပိုင်ဆိုင်ထားတဲ့ ကလပ်တွေကို
နည်းစနစ်အကြံပေးအဖြစ်လည်း လုပ်ကိုင်လာနိုင်တယ်လို့ သတင်းတွေက ရေးသားခဲ့ပါတယ်။
ဒါဟာ လက်ရှိမှာ လီဗာပူးလ်နည်းပြဟောင်း ယာဂန်ကလော့ပ် ရက်ဘူးလ်အုပ်စုမှာ အလားတူအခန်းကဏ္ဍနဲ့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။