၂၀၂၇ ခုနှစ်အတွက် မူမှန်ပြက္ခဒိန် တစ်စောင်လျင် ငွေကျပ်(၁)သောင်းဖြင့်ရောင်းချမည်
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့၏ ပညာရှင်များရေး ဆွဲထားသည့် ၂၀၂၇ ခုနှစ်အတွက် မူမှန်ပြက္ခဒိန်ကို လာမည့် ဇွန်လမှစတင်၍ တစ်စောင်လျင် ငွေကျပ်(၁) သောင်းဖြင့်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
မြန်မာသက္ကရာဇ် ၁၃၈၈-၁၃၈၉ ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၂၇ ခုနှစ်အတွက် မြန်မာ-ရခိုင်-အင်္ဂလိပ် မူမှန်ပြက္ခ ဒိန်ကို ရုံးအမှတ်(၃၅)၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန(နေပြည်တော်)တွင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
မူမှန်ပြက္ခဒိန်ကို ဝယ်ယူထုတ်ဝေဖြန့်ချိခြင်းဖြင့် ဝိဝါဒကွဲပြားမှုမရှိသော ပြက္ခဒိန်ကို အများပြည်သူအတွက် ထုတ်ဝေဖြန့်ချိနိုင်မည်ဖြစ်ကာ အနုပညာဦးစီးဌာနအနေဖြင့် မူမှန်ပြက္ခဒိန်ရောင်းချငွေကို နိုင်ငံတော်ရငွေအဖြစ်နှစ်စဉ်ပေးသွင်းလျက်ရှိကြောင်း သိရသည်။