အီဘိုလာရောဂါကူးစက်ပျံ့နှံ့နေမှုကြောင့် ကမ္ဘာ့ဖလားစခန်းသွင်းလေ့ကျင့်မှု အစီအစဉ်ကို ဒီမိုကရက်တစ်ကွန်ဂို ဖျက်သိမ်း
==================

ဒီမိုကရက်တစ်ကွန်ဂိုဟာ နိုင်ငံအရှေ့ပိုင်းတွင် အီဘိုလာရောဂါကူးစက်ပျံ့နှံ့နေမှုကြောင့် ကန်ရှာဆာမြို့တွင် ကမ္ဘာ့ဖလားစခန်းသွင်းလေ့ကျင့်ခန်းဆင်းရေး အစီအစဉ်အား ဖျက်သိမ်းလိုက်ပါတယ်။
ကွန်ဂိုဟာ ကြိုတင်ကာကွယ်တဲ့အနေဖြင့် နိုင်ငံတွင်းတွင် စခန်းသွင်းလေ့ကျင့်မှု မပြုလုပ်ဘဲ ဘယ်လ်ဂျီယံတွင် လေ့ကျင့်ခန်းဆင်းသွားပါမယ်။
အီဘိုလာရောဂါကူးစက်ပျံ့နှံ့နေမှုကြောင့် လူ ၁၃၀ ကျော်အထိ သေဆုံးထားပြီး ဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က အီဘိုလာကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်ပြီး အပြင်းအထန် သတိပေးမှု ပြုလုပ်ထားပေမဲ့ ကပ်ရောဂါကဲ့သို့ ကူးစက်ပျံ့နှံ့ခြင်း မရှိသေးကြောင်း ဆိုထားပါတယ်။
ကွန်ဂိုဟာ ဇွန်လ ၃ ရက်နေ့တွင် ဘယ်လ်ဂျီယံတွင် ဒိန်းမတ်နှင့်ခြေစမ်းပွဲကစားရန် စီစဉ်ထားသလို ဇွန်လ ၉ ရက်နေ့မှာ စပိန်တွင် ချီလီနှင့် ခြေစမ်းပွဲကစားသွားပါဦးမယ်။
တဖက်တွင် အမေရိကန်အရပ်သားကျန်းမာရေးအေဂျင်စီဟာ အီဘိုလာရောဂါကူးစက်ပျံ့နှံ့မှုများ ဖြစ်နေတဲ့ ဒီမိုကရက်တစ်ကွန်ဂို၊ ယုဂန္ဒါ၊ တောင်ဆူဒန်တွင် ယခင် ၂၁ ရက်တုန်းက နေထိုင်ခဲ့ဖူးတဲ့ နိုင်ငံခြားသားအား ပြည်ဝင်ခွင့် ပိတ်ပင်ထားပါတယ်။
ကွန်ဂိုရဲ့ပြင်သစ်လူမျိုးနည်းပြဆီဘာစတီယန်ဒီဆာဘရီအပါအဝင် ကစားသမားများအားလုံးမှ ကွန်ဂိုပြင်ပတွင် အခြေစိုက်ကြသူများဖြစ်ရာ ယင်းပိတ်ပင်မှုက အသင်းအပေါ် တစုံတရာ ရိုက်ခတ်လာမှာ မဟုတ်ပါဘူး။

image