3 ရက် - ဘာသာပြန်ပါ။

၂၀၃၀ ကမ္ဘာ့ဖလားခြေစစ်ပွဲအား စနစ်သစ်ဖြင့် ကျင်းပလာမဲ့ ယူအီးအက်ဖ်အေ
===================

ယူအီးအက်ဖ်အေက နိုင်ငံတကာခြေစစ်ပွဲများတွင် အင်္ဂလန်နှင့် အသင်းငယ်လေးများ ထိပ်တိုက်တွေ့ဆုံမှုမျိုး မဖြစ်လာစေရေး ရှောင်ရှားနိုင်မဲ့ စနစ်သစ်ကို ပြောင်းလဲ အသုံးပြုလာမှာ ဖြစ်ကြောင်း ကြေညာလာပါတယ်။
ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ စပိန်၊ ပေါ်တူဂီ၊ မော်ရိုကိုတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပလာမဲ့ ၂၀၃၀ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ယင်းစနစ်ကို စတင်အသုံးပြုလာမှာ ဖြစ်ပါတယ်။
ဥရောပထိပ်သီး ၃၆ သင်းတို့ဟာ ၁၂ သင်းပါ အုပ်စု ၃ ခုဖြင့် လိဂ် ၁ ကစားရမှာ ဖြစ်ပြီး ကျန်အသင်းများက လိဂ် ၂ တွင် ကစားရပါမယ်။
ထိပ်တန်းလိဂ်မှ အသင်းများမှာ ခြေစစ်ပွဲ ၆ ပွဲကစားရပါမယ်။ ၂ ပွဲကို ထိပ်တန်းဆီဒင်၊ ၂ ပွဲကို အလယ်တန်းဆီဒင်၊ ၂ ပွဲကို အောက်တန်းဆီဒင်ရရှိတဲ့အသင်းများနှင့် ကစားရပါမယ်။ ယခုစနစ်က ချန်ပီယံလိဂ်တွင် သုံးနေတဲ့ စနစ်လည်း ဖြစ်ပါတယ်။
အသင်းများဟာ ကွဲပြားတဲ့ ပြိုင်ဘက် ၆ သင်းနှင့် အိမ်ကွင်း ၃ ပွဲ၊ အဝေးကွင်း ၃ ပွဲ ကစားရပါမယ်။
အကောင်းဆုံးရပ်တည်နိုင်တဲ့အသင်းများက တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်လာမှာ ဖြစ်ပြီး ကျန်နေရာများအတွက် ပလေးအော့ဖ်ကစားရပါမယ်။
လက်ရှိအချိန်တွင် ယူအီးအက်ဖ်အေဟာ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မဲ့ အသင်းအရေအတွက် ဘယ်လောက်ရှိလာမယ်ဆိုတာ မဆုံးဖြတ်ရသေးပါဘူး။ ဒါပေမဲ့ ၎င်းတို့ဟာ ယင်းစနစ်အပြည့်အစုံကို လာမဲ့လများတွင် ပြုစု လုပ်ဆောင်ကာ စက်တင်ဘာလတွင် အတည်ပြုလာပါမယ်။
ယခုစနစ်ကြောင့် အသင်းငယ်လေးများဖြစ်ကြတဲ့ အန်ဒိုရာ၊ ဆန်မာရီနိုတို့မှာ ပလေးအော့ဖ်မှ တဆင့် ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ခွင့် ရနိုင်တဲ့ အခွင့်အရေး ပိုင်ဆိုင်လာကြပါမယ်။
ဒါ့အပြင် ယူအီးအက်ဖ်အေက ၂၀၂၈-၂၉ ရာသီမှ စတင်ကာ အသင်း ၁၈ သင်းပါ လိဂ် ၃ ခုဖြင့် နေးရှင်းလိဂ်ပြိုင်ပွဲအား ကျင်းပမယ်လို့ ကြေညာသွားပါတယ်။
လိဂ်တစ်ခုစီမှ အသင်းများဟာ ကွဲပြားတဲ့ပြိုင်ဘက်များနှင့် ၆ ပွဲကစားရမှာ ဖြစ်ပြီး လိဂ် (စီ)မှာတော့ အသင်း ၇ သင်း ပါဝင်လာပါမယ်။
ဒါပေမဲ့ ယူအီးအက်ဖ်အေဟာ နေးရှင်းလိဂ်ရဲ့ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်စနစ်များကိုတော့ အပြောင်းအလဲ မလုပ်ထားသလို တန်းဆင်း၊ တန်းတက်စနစ်လည်း ဆက်သုံးလာပါမယ်။
ယခုစနစ်အပြောင်းအလဲက ယူရို ၂၀၂၈ အပြီးတွင် အကျုံးဝင်လာမှာလည်း ဖြစ်ပါတယ်။

image