မော်ရင်ဟိုရဲ့ ဘင်ဖီကာနည်းပြကို အစားထိုးတာဝန်ယူလာမဲ့ ပရီးမီးယားလိဂ်ကလပ်နည်းပြ
=====================

ဖူလ်ဟမ်နည်းပြမာကိုဆေးလ်ဗားဟာ ဘင်ဖီကာနည်းပြရာထူးအတွက် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ကြောင်း သိရပါတယ်။
အသက် ၄၈ နှစ်ရှိ မာကိုဆေးလ်ဗားဟာ ဖူလ်ဟမ်ကို ၅ နှစ်ကြာ ကိုင်တွယ်ပြီးနောက် စာချုပ်သက်တမ်းကုန်ဆုံးမဲ့ နွေရာသီတွင် စိန်ခေါ်မှုအသစ် ရင်ဆိုင်ရန် ထွက်ခွာလာပါမယ်။
သူဟာ ရာသီအကုန်တွင် ဖူလ်ဟမ်မှ ထွက်ခွာကာ မွေးရပ်မြေ ပေါ်တူဂီသို့ ပြန်ရန် ဆုံးဖြတ်ထားသူလည်း ဖြစ်ပါတယ်။
ယခုအခါမှာတော့ ပေါ်တူဂီမီဒီယာများရဲ့ဖော်ပြလာမှုအရ မာကိုဆေးလ်ဗားဟာ ဘင်ဖီကာနည်းပြရာထူးကို ရယူလာမှာ ဖြစ်ကြောင်း သိရပါတယ်။
သူဟာ နွေရာသီတွင် အသင်းဟောင်းရီးရဲလ်မက်ုရစ်ကို ကိုင်တွယ်မဲ့ ဟိုဆေးမော်ရင်ဟိုနေရာတွင် အစားထိုးတာဝန်ယူလာမှာလည်း ဖြစ်ပါတယ်။
ယခုအပတ်အစောပိုင်းတုန်းက ဘင်ဖီကာနည်းပြရာထူးအတွက် ယူနိုက်တက်နည်းပြဟောင်းရူဘင်အမိုရမ် သတင်းထွက်ခဲ့ပါသေးတယ်။
ဒါပေမဲ့ ရူဘင်အမိုရမ်ဟာ ဘင်ဖီကာနည်းပြရာထူးအတွက် ချဉ်းကပ်လာမှုကို ပယ်ချခဲ့ပါတယ်။
မာကိုဆေးလ်ဗားဟာ ဖူလ်ဟမ်ကို ၂၂၈ ပွဲကိုင်တွယ်ခဲ့ရာမှာ ၁၀၃ ပွဲနိုင်၊ ၄၂ ပွဲသရေနှင့် ၈၃ ပွဲရှုံးမှတ်တမ်း ရရှိထားသူ ဖြစ်ပါတယ်။
အဲဗာတန်၊ ဝက်ဖို့ဒ်၊ ဟားလ်စီးတီးနှင့် အိုလံပီယာကို့စ်တို့ကိုလည်း ကိုင်တွယ်ဖူးတဲ့ မာကိုဆေးလ်ဗားဟာ စပို့တင်းလစ္စဘွန်းကိုလည်း ကိုင်တွယ်ဖူးသူ ဖြစ်ပါတယ်။

image