ကမ္ဘာ့ဖလားပြိုင်ပွဲအား စပိန်နှင့် ဘာစီလိုနာအလယ်တန်းကစားသမားလိုပက်ဇ် လွဲချော်လာ
===================

စပိန်အလယ်တန်းကစားသမားဖာမင်လိုပက်ဇ်ဟာ ခြေထောက်အရိုးကျိုးဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲအား လွဲချော်လာပါမယ်။
အသက် ၂၃ နှစ်ရှိ ကစားသမားဟာ တနင်္ဂနွေနေ့တုန်းက ဘာစီလိုနာတို့ ဘက်တစ်ကို ၃-၁ ဖြင့် အနိုင်ရတဲ့ပွဲစဉ်တွင် ညာဖက်ခြေထောက် ခြေသန်းအရိုးအက်ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ဘာစီလိုနာဟာ လိုပက်ဇ် ဘယ်အချိန်မှာ ပြန်ကစားနိုင်မလဲဆိုတာ ကြေညာသွားခဲ့ခြင်း မရှိပါဘူး။
လိုပက်ဇ်ဟာ စပိန်အသင်းအတွက် ၇ ပွဲကစားထားသူ ဖြစ်ပြီး စပိန်ရဲ့ ကမ္ဘာ့ဖလားလူစာရင်းတွင် ပါဝင်လာမယ်လို့ ယုံကြည်ရသူ ဖြစ်ပါတယ်။
စပိန်ဟာ လာမဲ့ တနင်္လာနေ့မှာ ကမ္ဘာ့ဖလားလူစာရင်းကို ကြေညာလာပါမယ်။
လိုပက်ဇ်ဟာ ယခုရာသီတွင် ဘာစီလိုနာအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၄၈ ပွဲကစားထားကာ ၁၃ ဂိုးသွင်းပြီး ၁၇ ကြိမ် ဖန်တီးမှု ပြုလုပ်ပေးထားနိုင်ပါတယ်။
သူဟာ စပိန်အသင်း ယူရို ၂၀၂၄ ချန်ပီယံဖြစ်စဉ်တုန်းကလည်း ၂၈ မိနစ်ကစားခွင့်ရခဲ့ပါတယ်။

image