3 ရက် - ဘာသာပြန်ပါ။

ပရီးမီးယားလိဂ်ရာသီသိမ်းပွဲစဉ်များတွင် ယူနိုက်တက်-ဖောရက်စ်ပွဲ ဒိုင်လူကြီး ကြီးကြပ်ခွင့်မရ
======================

ယူနိုက်တက်ရဲ့ နော်တင်ဟမ်ဖောရက်စ်ပွဲအား ကြီးကြပ်ခဲ့တဲ့ ဒိုင်လူကြီးဟာ လာမဲ့ တနင်္ဂနွေနေ့ ပရီးမီးယားလိဂ်ရာသီသိမ်းပွဲစဉ်များတွင် မည်သည့်ပွဲကိုမျှ ကြီးကြပ်ခွင့် မရရှိလာခဲ့ပါဘူး။
မိုက်ကယ်ဆာလစ်ဘူရီဟာ ယင်းပွဲတွင် မားသီးကပ်စ်ကူညာရဲ့ ဂိုးအား ခွင့်ပြုခဲ့တဲ့အမှားကြောင့် အရေးယူခံလာရတာလည်း ဖြစ်ပါတယ်။ ကူညာရဲ့ ဂိုးအား တည်ဆောက်စဉ် ဘရိုင်ယန်အမ်ဘူမို လက်ထိဘောဖြစ်ခဲ့ပေမဲ့ ဂိုးကို ခွင့်ပြုခဲ့ပါတယ်။
ဆာလစ်ဘူရီဟာ VAR ဒိုင်က ဂိုးအား ငြင်းပယ်ရန် ပြောကြားခြင်းခံခဲ့ရပေမဲ့လည်း ပယ်ချခဲ့ပါတယ်။
ယင်းပွဲအပြီးမှာတော့ ဒိုင်အဖွဲ့ချုပ်က ယူနိုက်တက်ရဲ့ဂိုးမှာ မခွင့်ပြုခဲ့သင့်ကြောင်း ဝန်ခံသွားပါတယ်။
ဆာလစ်ဘူရီရဲ့ VAR ဒိုင်ရဲ့အကြံပေးမှုအား ငြင်းပယ်မှုက ယခုရာသီတွင် ဒိုင်လူကြီးက VAR ရဲ့အကြံပေးမှုအတိုင်း မော်နီတာတွင် စစ်ဆေးရန် ၄ ကြိမ်မြောက် ငြင်းပယ်မှုလည်း ဖြစ်ပါတယ်။
တဖက်တွင် ဘန်လေနှင့်ပွဲစဉ်တွင် ကြမ်းတမ်းစွာ ကစားခဲ့တဲ့ အာဆင်နယ်စတားကိုင်ဟာဗတ်ဇ် ဖြစ်စဉ်တွင် မော်နီတာတွင် စစ်ဆေးရေး အကြံပေးရန် ပျက်ကွက်ခဲ့တဲ့ VAR ဒိုင်ဂျိမ်းစ်ဘေးလ်မှာ ဖူလ်ဟမ်နှင့် နယူးကာဆယ်ပွဲတွင် VAR ဒိုင်အဖြစ် ဆောင်ရွက်လာပါဦးမယ်။

image