4 ရက် - ဘာသာပြန်ပါ။

ဘွန်ဒက်စ်လီဂါဖလား ပျောက်ဆုံးသွားပြီးမှ မထင်မှတ်တဲ့ နေရာတွင် ပြန်ရှာတွေ့ခဲ့တဲ့ ဗင်းဆင့်ကွန်ပနီ
==================

ဘိုင်ယန်မြူးနစ်နည်းပြဗင်းဆင့်ကွန်ပနီက ဘွန်ဒက်စ်လီဂါဖလားချန်ပီယံ အောင်ပွဲခံမှု မပြုလုပ်မီ နာရီအနည်းငယ်ခန့်သာ အလိုတွင် ဆုဖလား ပျောက်ဆုံးမှု ဖြစ်ခဲ့ကြောင်း ဖွင့်ဟ ပြောကြားလာပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ဒုတိယနေရာမှ ဒေါ့မွန်အား ၁၆ မှတ်အထိ ဖြတ်ကာ ၃၅ ကြိမ်မြောက် ဘွန်ဒက်စ်လီဂါဖလားအား ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ပရိသတ်များနှင့်အတူ ဘွန်ဒက်စ်လီဂါဖလားအောင်ပွဲခံရန် စီစဉ်ထားခဲ့ပေမဲ့ နာရီအနည်းငယ်အလိုတွင်မှ ကွန်ပနီက ဆုဖလားအား နေအိမ်တွင် မေ့ထားခဲ့ကြောင်း သတိရခဲ့တာပါ။
ကွန်ပနီဟာ ဘွန်ဒက်စ်လီဂါဖလားအား နေအိမ်မီးဖိုချောင်တွင် မေ့ထားခဲ့တာပါ။
ကွန်ပနီက "ကျွန်တော်တို့ ဒီလည်း ရောက်ရော ဆုဖလား မရှိဘူး။ နောက်တော့မှ သတိရသွားတယ်။ ကျွန်တော့်အိမ်မှာ မေ့ထားခဲ့တာ။ မီးဖိုချောင်မှာ ထားခဲ့မိတာ။ တစ်ယောက်ယောက်က ညတုန်းက 'ဗန်နီ မနက်ကျရင် ဒါကြီး ခင်ဗျား ယူလာခဲ့'ဆိုပြီး ပေးထားခဲ့တာ။ ဒါကို လုံးဝ မေ့သွားတာ"လို့ ပြောကြားသွားပါတယ်။
ကွန်ပနီရဲ့ ဇနီးသည် ကာလာဟက်ဂျ်က ဘွန်ဒက်စ်လီဂါဖလားကို မြူးနစ်မြို့လည်ခေါင်သို့ ယူဆောင်လာပေးခဲ့ရပါတယ်။
ကွန်ပနီဟာ သူ့အမှားကို မြူးနစ်ရှိ Marienplatz သို့ သွားချိန်တွင်မှ သတိထားမိခဲ့တာပါ။
အသင်းသားများကို မြူးနစ်မြို့တော်ဝန်သစ်ဒိုမီနစ်ခ်ခရူးစ်က ဂုဏ်ပြုခါနီးအချိန်တွင် ကွန်ပနီရဲ့ ဇနီးသည်က အချိန်မီ ယူဆောင်ပေးလာနိုင်ခဲ့ပါတယ်။

image