တိုက်ကြီးမြို့နယ်ရှိ စျေး(၃)စျေးအား မီးဘေးလုံခြုံရေးအတွက်စစ်ဆေး

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ရှိ စျေး(၃)စျေးအား မီးဘေးလုံခြုံရေးအတွက်စစ်ဆေးခြင်းများကို မြို့နယ်/နယ်မြေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ‌ဈေးတာဝန်ခံများ၊ ဈေးလုံခြုံရေးများက မေ ၂၀ ရက်ည ၆ နာရီကပြုလုပ်ခဲ့ကြသည်။
တိုက်ကြီးမြို့နယ်ရှိ တိုက်ကြီးမြို့မဈေး၊ ဥက္ကံစည်ပင်သာယာဈေးနှင့် အဖျောက်စည်ပင်သာယာဈေးတို့အား မီးဘေးလုံခြုံရေးအတွက် စျေးပိတ်ချိန်၌စစ်ဆေးခဲ့ကြခြင်းဖြစ်သည်။

image