6 ရက် - ဘာသာပြန်ပါ။

အင်တာမီလန်တွင် ကစားသမားဘဝမှ အနားယူလိုကြောင်း မာတီနက်ဇ် ဖွင့်ဟလာ
====================

အင်တာမီလန်အသင်းခေါင်းဆောင်လူသာရိုမာတီနက်ဇ်က ဆန်စီရိုတွင်ပင် ကစားသမားဘဝမှ အနားယူလိုကြောင်း ထုတ်ဖော်ပြောကြားလာပါတယ်။
အာဂျင်တီးနားတိုက်စစ်မှူးဟာ ဘာစီလိုနာရဲ့ ကာလရှည်ကြာ ပစ်မှတ်ထားခြင်းခံလာရသူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ကလပ်ဘက်က သူ့ကို မကန်ထုတ်သမျှ ကာလပတ်လုံး အင်တာမီလန်တွင်ပင် ဆက်ရှိနေမယ်လို့ ပြောကြားလာပါတယ်။
အသက် ၂၈ နှစ်ရှိ မာတီနက်ဇ်ဟာ ၂၀၁၈ ခုနှစ်တွင် အာဂျင်တီးနားကလပ် ရေဆင်းမှ ပြောင်းလာပြီးနောက် အင်တာမီလန်ရဲ့အရေးပါတဲ့ တိုက်စစ်မှူးအဖြစ် ကစားလာသူ ဖြစ်ပြီး ပွဲပေါင်းသုံးရာ့ငါးဆယ်ကျော်ကစားထားကာ ယခုရာသီတွင် ပြည်တွင်းဖလား ၂ လုံး ရရှိအောင် ကူညီထားပါတယ်။
မာတီနက်ဇ်က "ဒီမှာပဲ ကစားသမားဘဝက အနားယူလိုတယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ဒီနေ့ရက်တွင် အခြားကလပ်မှာ ရှိနေမလားဆိုတာ တွေးဖို့ ခက်တယ်။ ဘောလုံးမှာ ဘာမှ အတိအကျ မပြောနိုင်ဘူးဆိုပေမဲ့ သူတို့ဘက်က မကန်ထုတ်သမျှ ဒီမှာ ကျွန်တော် ဆက်ရှိနေပါမယ်။ ကစားသမားဘဝက အနားယူပြီးရင် ဘောလုံးလောကမှာ ဆက်ရှိနေမှာပါ။ ဒီပတ်ဝန်းကျင်ကို ကျွန်တော် သဘောမကျပါဘူး။ ကျွန်တော် ပျောက်ကွယ်သွားမယ်။ ကျွန်တော့်ကို ဘယ်သူမှ သိတော့မှာ မဟုတ်ဘူး"လို့ ပြောကြားသွားပါတယ်။
ဘာစီလိုနာဟာ ဝါရင်တိုက်စစ်မှူးရောဘတ်လီဝန်ဒေါ့စကီးနေရာတွင် အစားထိုးနိုင်မဲ့ တိုက်စစ်မှူးရှာဖွေနေတာ ဖြစ်ပြီး မာတီနက်ဇ်နှင့် အယ်ဗာရက်ဇ်တို့က အဓိကပစ်မှတ်များ ဖြစ်နေကြပါတယ်။
ဒါပေမဲ့ မာတီနက်ဇ်မှာ ၂၀၂၄ ခုနှစ် ဩဂုတ်လတုန်းက စီးရီးအေရဲ့လုပ်ခအများဆုံးရ ကစားသမားအဖြစ် ကလပ်နှင့် ၅ နှစ်စာချုပ်သက်တမ်းတိုးချုပ်ဆိုထားသူ ဖြစ်ရာ ဘာစီလိုနာအနေဖြင့် ခေါ်ယူရေး ခက်ခဲနေပါတယ်။
သူဟာ ယခုရာသီတွင် စီးရီးအေပွဲ ၂၉ ပွဲတွင် ၁၇ ဂိုးသွင်းကာ ၆ ကြိမ် ဖန်တီးထားနိုင်ပါတယ်။

image