ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်မီ နောက်ဆုံးမိနစ်မှာ အင်္ကျီပြောင်းလဲခဲ့ရတဲ့ ဗီလာ
===================
အက်စတွန်ဗီလာဟာ အစ္စတန်ဘူလ် ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်မီ နောက်ဆုံးမိနစ်တွင် ဝတ်စုံအပြောင်းအလဲ ပြုလုပ်ခဲ့ရမှုနှင့်အတူ ပွဲအတွက် ပြင်ဆင်မှုအား ရိုက်ခတ်ခဲ့ရပါတယ်။
အက်စတွန်ဗီလာဟာ ဗုဒ္ဓဟူးနေ့ညတုန်းက အစ္စတန်ဘူလ် ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ဖရိုင်းဘတ်အား ၃-၀ ဖြင့် အနိုင်ယူကာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးဆုဖလား ဆွတ်ခူးခဲ့ပါတယ်။
တဖက်တွင် ဗီလာဟာ ဖရိုင်းဘတ်ဗိုလ်လုပွဲမတိုင်မီ အဝေးကွင်းဝတ်စုံကိုလည်း အပြောင်းအလဲ ပြုလုပ်ခဲ့ရပါတယ်။
အူနိုင်းအမ်မရီရဲ့ ဗီလာဟာ အပတ်စဉ် အပတ်တိုင်း ဝတ်စုံကို ဝတ်ဆင်ခွင့်မရခဲ့တာပါ။
ဗီလာဟာ ၎င်းတို့ရဲ့ အဓိကစပွန်ဆာ Betano ကြောင့် ဝတ်စုံကို ပြောင်းလဲခဲ့ရတာပါ။
အစ္စတန်ဘူလ်ပွဲမတိုင်မီ တူရကီဒေသတွင်း အာဏာပိုင်တို့က လောင်းကစားနှင့် သက်ဆိုင်တဲ့အရာများအား ကြော်ငြာထည့်သွင်းမှုအား ခွင့်မပြုကြောင်း အသိပေးလာခဲ့ပါတယ်။
ဒါကြောင့်လည်း ဗီလာဟာ အင်္ကျီရင်ဘတ်စပွန်ဆာနေရာကို အပြောင်းအလဲ ပြုလုပ်ခဲ့ရပါတယ်။
ဗီလာဟာ လောင်းကစားကုမ္ပဏီနေရာတွင် ကလပ်ရဲ့ ကိုယ်ပိုင် ပရဟိတအဖွဲ့ “Aston Villa Foundation” နှင့် အစားထိုးခဲ့ရပါတယ်။
ဗီလာဟာ ယင်းအင်္ကျီများကို ပရိသတ်များထံ ရောင်းချလာမှာ ဖြစ်ပြီး အင်္ကျီတစ်ထည်ရောင်းရတိုင်း ၁၀ ပေါင်စီအား ဖောင်ဒေးရှင်းသို့ လှူဒါန်းသွားပါမယ်။
ဗီလာဟာ ယခုပွဲစဉ်တွင် ဖရိုင်းဘတ်ရဲ့ အိမ်ကွင်းဝတ်စုံ အနီရောင်နှင့် အရောင်ချင်း ရောထွေးနိုင်တာကြောင့် ခရမ်းရောင် အိမ်ကွင်းဝတ်စုံ ဝတ်ဆင်ခွင့်မရခဲ့ပါဘူး။