ချစ်သူဗာဂျီးနီးယားဖွန်ဆီကာနှင့် လမ်းခွဲလိုက်ပြီဖြစ်တဲ့ ဗီနီရှပ်စ်
====================

ဗီနီရှပ်စ်ဂျူနီယာက ချစ်သူ ဗာဂျီးနီးယားဖွန်ဆီကာနှင့် တစ်နှစ်ကြာ တွဲလာပြီးနောက် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အတည်ပြုကြေညာလာပါတယ်။
ရီးရဲလ်မက်ဒရစ်စူပါစတားဟာ အတွဲစဉ်ကာလအတွင်းနေ့ရက်များအတွက် ဖွန်ဆီကာကို ကျေးဇူးတင်ကြောင်း ဆိုရှယ်မီဒီယာတွင် ပို့စ်တင်လာခဲ့တာလည်း ဖြစ်ပါတယ်။ ဗီနီရှပ်စ်မတိုင်မီ ဖွန်ဆီကာကိုယ်တိုင်က ဘရာဇီးစတားနှင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ကြေညာထားခဲ့တာပါ။
ဗီနီရှပ်စ်ဟာ ပထမဆုံးအကြိမ်အဖြစ် ဖွန်ဆီကာနှင့် လမ်းခွဲလိုက်ကြောင်း ကြေညာလာတာပါ။ အသက် ၂၅ နှစ်ရှိ ဘရာဇီးစူပါစတားဟာ ဖွန်ဆီကာဘက်က လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း ကြေညာပြီးနောက် ရက်အနည်းငယ်အကြာမှာ ထုတ်ပြန်လာတာပါ။
ဗီနီရှပ်စ်က "အရာအားလုံးအတွက် ကျေးဇူးပါ။ အခိုက်အတန့်တိုင်း၊ မင်းဆီက သင်ကြားခဲ့ရတဲ့ သင်ခန်းစာတိုင်းက မမေ့နိုင်စရာပါ။ မင်းအတွက် အကောင်းဆုံးတွေ ဖြစ်လာစေဖို့ ဆုတောင်းပေးပါတယ်။ အောင်မြင်တဲ့ဘဝပိုင်ဆိုင်ပါစေ။ မင်း အရမ်းပျော်ဖို့ မျှော်လင့်တယ်။ မင်းဘဝရဲ့အစိတ်အပိုင်းတစ်ရပ်ကို ငါ့ကို ပေးခဲ့တဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ။ ကိုယ့်ကိုယ်ကို ဂရုစိုက်နော်"လို့ ပို့စ်ရေးသားသွားပါတယ်။
ဖွန်ဆီကာဟာ မေလ ၁၅ ရက်နေ့ကတည်းက ဗီနီရှပ်စ်နှင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ကြေညာထားခဲ့တာပါ။
ဗီနီရှပ်စ်ဟာ မေလ ၂၃ ရက်နေ့တွင် ရီးရဲလ်မက်ဒရစ်အတွက် ရာသီသိမ်းပွဲအဖြစ် ဘီလ်ဘာအိုနှင့် ရင်ဆိုင်ပြီးပါက ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘရာဇီးနှင့်အတူ ပြင်ဆင်လာပါမယ်။

image