ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခံရပြီး လေးလအကြာတွင် ဘောလုံးလောကသို့ ပြန်လည်ဝင်ရောက်ရန် နီးစပ်နေပြီဖြစ်တဲ့ ရူဘင်အမိုရမ်
===================

ယူနိုက်တက်နည်းပြဟောင်းရူဘင်အမိုရမ်ဟာ ဘောလုံးလောကသို့ ပြန်လည်ဝင်ရောက်ရေး နီးစပ်နေပြီ ဖြစ်ပါတယ်။
အသက် ၄၁ နှစ်ရှိ အမိုရမ်ဟာ ဇန်နဝါရီလအစောပိုင်းတုန်းက ယူနိုက်တက်ရဲ့ ထုတ်ပယ်ခြင်းခံရပြီးနောက် ကလပ်လက်မဲ့ ဖြစ်နေသူ ဖြစ်ပါတယ်။ ဒါပေမဲ့ ယခုအခါမှာတော့ အမိုရမ်ဟာ ဟိုဆေးမော်ရင်ဟိုရဲ့ ဘင်ဖီကာနည်းပြအဖြစ် ခန့်အပ်ခြင်းခံရရေး နီးစပ်နေပြီ ဖြစ်ပါတယ်။
ပေါ်တူဂီထိပ်သီးဟာ ရီးရဲလ်မက်ဒရစ်အား ကိုင်တွယ်ရန် ထွက်ခွာလာမဲ့ မော်ရင်ဟိုနေရာတွင် အမိုရမ်နှင့် အစားထိုးရန် လျာထားနေပါတယ်။
စပါယ်ရှယ်ဝမ်းဟာ လစ္စဘွန်းအခြေစိုက် ဘင်ဖီကာအား ရှုံးပွဲမရှိမှတ်တမ်းဖြင့် ရာသီသိမ်းနိုင်အောင် ဦးဆောင်နိုင်ခဲ့ပေမဲ့လည်း ဆုဖလားလက်မဲ့ဖြစ်ကာ အဆင့် ၃ နေရာတွင်သာ ရပ်တည်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ မော်ရင်ဟိုဟာ ဘင်ဖီကာအား ကိုင်တွယ်တာ တစ်နှစ်မပြည့်သေးမီမှာပင် အသင်းဟောင်းရီးရဲလ်မက်ဒရစ်အား ကိုင်တွယ်ရန် ထွက်ခွာလာတော့မှာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ဘင်ဖီကာဥက္ကဌရူအီကော်စတာဟာ ပြိုင်ဘက် စပို့တင်းလစ္စဘွန်းအား ကိုင်တွယ်ခဲ့ဖူးတဲ့ ရူဘင်အမိုရမ်အား ခန့်အပ်ရေး ပစ်မှတ်ထားလာတာပါ။
ယူနိုက်တက်နည်းပြဟောင်းဟာ ဘင်ဖီကာရဲ့ ပြိုင်ဘက် စပို့တင်းလစ္စဘွန်းနှင့်အတူ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်းတွင် အမှတ်ပေးဖလား ၂ ကြိမ် ရရှိအောင် ဦးဆောင်ခဲ့ဖူးပါတယ်။
အမိုရမ်ဟာ ဘင်ဖီကာတွင် ရူအီကော်စတာ အားကစားဒါရိုက်တာအဖြစ် ဆောင်ရွက်စဉ်တုန်းက ကစားခဲ့ဖူးသူဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် အနားယူခဲ့သူပါ။
သူဟာ ဘရာဂါအား ကိုင်တွယ်ခဲ့ဖူးသလို ပေါ်တူဂီရှုံးထွက်ဖလားလည်း၂ ကြိမ်ရယူဖူးပါတယ်။
ဘင်ဖီကာနှင့်အေစီမီလန်တိုက်စစ်သမားဟောင်းရူအီကော်စတာဟာ ယခုတိုင် အမိုရမ်နှင့် ခင်မင်ရင်းနှီးနေဆဲ ဖြစ်သလို ယူနိုက်တက်တွင် ကျရှုံးခဲ့ပေမဲ့ သူ့အရည်အသွေးပေါ်တွင် အယုံအကြည်ရှိနေဆဲ ဖြစ်ပါတယ်။

image