ဆော်ဒီပရိုလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင်စာရင်းတွင် ခရစ္စတီယာနိုရော်နယ်ဒိုနှင့် အိုင်ဗန်တိုနေးတို့ ပါဝင်နေ
====================

ဆော်ဒီပရိုလိဂ်ဟာ ၂၀၂၅-၂၆ ရာသီအတွက် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင်ကစားသမား ၅ ဦးစာရင်းကို ကြေညာလာပါတယ်။
Al-Nassr အသင်းခေါင်းဆောင်ဟာ ကစားဖော်ဂျိုအာဖီးလစ်၊ အိုင်ဗန်တိုနေး၊ ဂျူလီယန်ကွီနိုနက်စ်၊ ရူဘင်နီဗက်စ်တို့နှင့်အတူ ရွေးချယ်ခြင်းခံထားရပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဦးဆောင်တဲ့ Al-Nassr ဟာ လာမဲ့ ကြာသပတေးနေ့မှာ ရာသီသိမ်းပွဲအဖြစ် ဒါမစ်နှင့် ရင်ဆိုင်ကစားရမှာ ဖြစ်ပြီး ယင်းပွဲတွင် အနိုင်ရရှိလာပါက ချန်ပီယံဖြစ်လာပါမယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ယခုရာသီတွင် ၂၆ ဂိုးသွင်းယူထားကာ ချန်ပီယံဖြစ်ရေး အခြေအနေကောင်းအောင် ကူညီထားပါတယ်။
သူဟာ မော်ဒန်ခေတ်တွင် ဆော်ဒီပရိုလိဂ်ဂိုး ၁၀၀ ပြည့်အောင် သွင်းထားတဲ့ တတိယမြောက်ကစားသမားအဖြစ် သမိုင်းမှတ်တမ်းရေးထိုးထားသလို ယခုရာသီတွင် ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု ၇ ကြိမ်အထိလည်း ဆွတ်ခူးထားရာ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ရေပန်းအစားဆုံး ဖြစ်နေပါတယ်။
အလယ်တန်းကစားသမားဂျိုအာဖီးလစ်မှာလည်း ဟက်ထရစ် ၃ ကြိမ် ရရှိထားကာ ၁၂ ကြိမ်ဖန်တီးထားပါတယ်။
အင်္ဂလန်တိုက်စစ်ှမှူးအိုင်ဗန်တိုနေးမှာလည်း Al-Ahli အတွက် လိဂ်ပွဲ ၃၁ ပွဲတွင် ၃၂ ဂိုးအထိ သွင်းထားနိုင်ပါတယ်။ သူဟာ ဟက်ထရစ် ၄ ကြိမ်အထိ သွင်းထားနိုင်သလို ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု ၉ ကြိမ်အထိ ရရှိထားပါတယ်။
ဒါ့အပြင် ဆော်ဒီပရိုလိဂ်တစ်နှစ်တာအကောင်းဆုံးနည်းပြဆုအတွက် ဆန်ကာတင်စာရင်းတွင် Al-Nassr နည်းပြဂျီးဆပ်စ်၊ Al-Ahli နည်းပြမားသီးယပ်စ်ဂျိုင်ဆယ်၊ Al-Hilal နည်းပြဆီမြွန်နီအင်ဇာဂီ၊ Al-Qadiash နည်းပြဘရန်ဒန်ရော်ဂျာ၊ Al Ettifaq နည်းပြဆာဒ်အယ်လ်ရှီးရီတို့က ရွေးချယ်ခြင်းခံထားရပါတယ်။

image