ချန်ပီယံလိဂ်ဗိုလ်လုပွဲအား ပီအက်စ်ဂျီစူပါစတားဒမ်ဘီလီ လွဲချော်လာဖွယ်ရှိနေ
===================
အူစမာနီဒမ်ဘီလီဟာ မြို့ခံပြိုင်ဘက် ပဲရစ်အက်ဖ်စီအား ရှုံးနိမ့်တဲ့ပွဲစဉ်တွင် ဒဏ်ရာရရှိကာ လူစားလဲလှယ်မှု ပြုလုပ်လိုက်ရပြီးနောက် အာဆင်နယ်နှင့်ကစားရမဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ပါဝင်ကစားရေး မရေမရာ ဖြစ်လာပါတယ်။
Ballon d'Or ဆုရှင်ဟာ ပဲရစ်အက်ဖ်စီကို ၂-၁ ဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်ရဲ့ ပွဲချိန် ၂၈ မိနစ်တွင် ဂွန်ကာလိုရာမို့စ်နှင့် လူစားလဲလှယ်ခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။
သူဟာ လူစားလဲလှယ်ခြင်းခံခဲ့ရပြီးနောက် ဥမင်လှိုဏ်ခေါင်းသို့ တန်းဆင်းသွားခဲ့ပါတယ်။
ဒမ်ဘီလီဟာ ယခုရာသီတွင် ဒဏ်ရာပြဿနာများကြောင့် လီဂူး ၁ တွင် ၁၁ ပွဲတည်းသာ ပွဲထွက်ကစားထားနိုင်ပေမဲ့လည်း လီဂူး ၁ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအား ဆွတ်ခူးထားနိုင်ပါတယ်။
သူဟာ ပီအက်စ်ဂျီအတွက် လိဂ်ပွဲ ၂၂ ပွဲကစားထားရာမှာ ၁၀ ဂိုးသွင်းကာ ၇ ကြိမ် ဖန်တီးထားပါတယ်။
ပီအက်စ်ဂျီဟာ ပြီးခဲ့တဲ့အပတ်ဗုဒ္ဓဟူးနေ့ကတည်းက လန်းစ်ကို အနိုင်ယူကာ လီဂူး ၁ ဖလား ၅ ကြိမ်ဆက် ဆွတ်ခူးထားနိုင်ပါတယ်။
သူဟာ ယခုရာသီတွင် ချန်ပီယံလိဂ်မှာ ၇ ဂိုးသွင်းထားပြီး ၆ ဂိုးကို ရှုံးထွက်အဆင့်ပွဲစဉ်များမှာ သွင်းယူထားတာပါ။