ဘင်ဖီကာနှင့်အတူ တစ်ရာသီလုံး ရှုံးပွဲမရှိမှတ်တမ်းဖြင့် ရာသီသိမ်းလာနိုင်ခဲ့တဲ့ မော်ရင်ဟို
=====================
ဟိုဆေးမော်ရင်ဟိုဟာ ဘင်ဖီကာနှင့်အတူ ပေါ်တူဂီအဆင့်မြင့်တန်းလိဂ်အား ရှုံးပွဲမရှိမှတ်တမ်းဖြင့် ရာသီသိမ်းလာနိုင်ခဲ့ပါတယ်။ မော်ရင်ဟိုရဲ့ ဘင်ဖီကာဟာ တစ်ရာသီလုံး ရှုံးပွဲမရှိမှတ်တမ်းပိုင်ဆိုင်ခဲ့ပေမဲ့လည်း အဆင့် ၃ နေရာဖြင့်သာ ရပ်တည်နိုင်ခဲ့ပါတယ်။
ဘင်ဖီကာဟာ ရာသီသိမ်းပွဲတွင် အက်စ်တိုရဲလ်အား ၃-၁ ဖြင့် အနိုင်ယူကာ ရာသီသိမ်းခဲ့တာ ဖြစ်ပြီး တစ်ရာသီလုံးတွင် ၂၃ ပွဲနိုင်၊ ၁၁ ပွဲသရေကျကာ ရှုံးပွဲမရှိခဲ့ပါဘူး။
ဒါပေမဲ့ ဘင်ဖီကာဟာ ချန်ပီယံ ပေါ်တိုနှင့် ၈ မှတ်အကွာ၊ ဒုတိယနေရာမှ စပို့တင်းလစ္စဘွန်းနှင့် ၂ မှတ်အကွာတွင် ရပ်တည်နိုင်ခဲ့ပါတယ်။
အက်စ်တိုရဲလ်နှင့်ပွဲစဉ်မှာ မော်ရင်ဟိုရဲ့ ဘင်ဖီကာအား ကိုင်တွယ်တဲ့ နောက်ဆုံးပွဲလည်း ဖြစ်လာနိုင်ပါတယ်။
မော်ရင်ဟိုဟာ လွန်ခဲ့တဲ့ ၁၃ နှစ်တုန်းက ကိုင်တွယ်ခဲ့တဲ့ အသင်းဟောင်း ရီးရဲလ်မက်ုရစ်အား ကိုင်တွယ်ရေး နောက်ဆုံးအဆင့် ဆွေးနွေးမှုသို့ ရောက်နေသူလည်း ဖြစ်ပါတယ်။
အသက် ၆၃ နှစ်ရှိ မော်ရင်ဟိုဟာ စက်တင်ဘာလတုန်းက ဘင်ဖီကာသို့ ၂ နှစ်စာချုပ်ဖြင့် ရောက်လာခဲ့ပေမဲ့ ရီးရဲလ်မက်ဒရစ်ဥက္ကဌဖလော်ရင်တီနိုပီရက်ဇ်ရဲ့အလိုရှိခြင်း ခံနေရပါတယ်။
ဘင်ဖီကာဟာ တစ်ရာသီလုံး ရှုံးပွဲမရှိမှတ်တမ်း ပိုင်ဆိုင်ပေမဲ့ ဆုဖလားလက်မဲ့ ဖြစ်ခဲ့တဲ့ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။
၁၉၇၇-၇၈ ရာသီတုန်းကလည်း ပေါ်တိုဟာ ၂ ပွဲသရေလျှော့နည်းကာ ဂိုးကွာခြားချက်ဖြင့် ရှုံးပွဲမရှိတဲ့ ဘင်ဖီကာအား ကျော်ဖြတ်ကာ ချန်ပီယံဖြစ်ခဲ့ဖူးပါတယ်။
ဒါ့အပြင် အက်ဖ်စီရှရစ်ဖ်(မော်ဒိုဗာ/၂၀၂၄-၂၅)နှင့် ရက်စတားဘဲလ်ဂရိတ် (ဆားဘီးယား/၂၀၀၇-၀၈)တို့ဟာလည်း တစ်ရာသီလုံး ရှုံးပွဲမရှိမှတ်တမ်းရရှိခဲ့ပေမဲ့ ချန်ပီယံဖြစ်ခဲ့ဖူးပါတယ်။