1 ပတ် - ဘာသာပြန်ပါ။

မော်ရင်ဟိုသာ ရီးရဲလ်မက်ဒရစ်သို့ ရောက်လာပါက အာဘီလိုအာ ဝမ်းသာကျေနပ်လာမည်
======================

ရီးရဲလ်မက်ဒရစ်နည်းပြအယ်ဗာရိုအာဘီလိုအာက လာမဲ့ရာသီတွင် သူ့နေရာတွင် ဆရာဟောင်းဟိုဆေးမော်ရင်ဟိုကိုသာ အစားထိုးခန့်အပ်လာမည်ဆိုပါက ဝမ်းသာကျေနပ်ရလိမ့်မည်ဖြစ်ကြောင်း ပြောကြားလာပါတယ်။
မော်ရင်ဟိုဟာ လွန်ခဲ့တဲ့ ၁၃ နှစ်တုန်းက ရီးရဲလ်မက်ဒရစ်ကို ပထမအကြိမ် ကိုင်တွယ်ပြီးနောက် ဒုတိယအကြိမ် ကိုင်တွယ်ရေး ဆွေးနွေးမှုများ ပြုလုပ်နေပြီး ဆွေးနွေးမှု နောက်ဆုံးအဆင့်သို့ ရောက်နေပြီ ဖြစ်ပါတယ်။
အသက် ၆၂ နှစ်ရှိ ပေါ်တူဂီလူမျိုးနည်းပြဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ဘင်ဖီကာသို့ ၂ နှစ်စာချုပ်ဖြင့် ရောက်လာခဲ့ပေမဲ့ ရီးရဲလ်မက်ဒရစ်ဥက္ကဌပီရက်ဇ်ရဲ့ အလိုရှိခြင်းခံနေရပါတယ်။
အာဘီလိုအာက "ကျွန်တော့်အတွက်တော့ ကစားသမားဟောင်းတစ်ယောက်အနေနဲ့ ရော မက်ဒရစ်ပရိသတ်တစ်ယောက်အနေနဲ့ရော မော်ရင်ဟိုက နံပါတ်တစ်ပါ။ သူက ကျွန်တော်တို့ထဲက တစ်ယောက်ပါ။ လာမဲ့နှစ်မှာ သူပြန်လာရင် သူ အိမ်ပြန်လာလို့ ကျွန်တော် ပျော်ရပါလိမ့်မယ်"လို့ ပြောကြားသွားပါတယ်။
အာဘီလိုအာဟာ ဇန်နဝါရီလတုန်းက အလွန်ဆို ထွက်ခွာသွားပြီးနောက် ရီးရဲလ်မက်ဒရစ်အား ကိုင်တွယ်လာပေမဲ့ ဆုဖလားဆွတ်ခူးနိုင်အောင် ဦးဆောင်ထားနိုင်ခြင်း မရှိပါဘူး။

image