ရာသီအကုန်တွင် ဘာစီလိုနာမှ ထွက်ခွာမည်ဟု လီဝန်ဒေါ့စကီး ကြေညာလာ
====================

ရောဘတ်လီဝန်ဒေါ့စကီးက စာချုပ်သက်တမ်းကုန်ဆုံးလာမဲ့ နွေရာသီတွင် ဘာစီလိုနာမှ ထွက်ခွာလာတော့မှာ ဖြစ်ကြောင်း အတည်ပြု ပြောကြားလာပါတယ်။
အသက် ၃၇ နှစ်ရှိ ပိုလန်အသင်းခေါင်းဆောင်ဟာ ၂၀၂၂ ခုနှစ်တွင် ဘိုင်ယန်မြူးနစ်မှ ပြောင်းလာပြီးနောက် ဘာစီလိုနာအတွက် ၁၉၁ ပွဲကစားကာ ၁၁၉ ဂိုးသွင်းယူပေးခဲ့သူ ဖြစ်ပြီး လာလီဂါဖလား ၃ လုံးနှင့် ကိုပါဒယ်ရေးတို့ ရရှိအောင် ကူညီပေးခဲ့ပါတယ်။
လီဝန်ဒေါ့စကီးက "စိန်ခေါ်မှုတွေ အလုပ်ကြိုးစားမှုတွေ ပြည့်နှက်နေတဲ့ လေးနှစ်ကုန်ဆုံးပြီးတဲ့နာက် နောက်ထပ် ပြောင်းရမဲ့ ကာလသို့ ရောက်လာခဲ့ပါပြီ။ စစ်ဆေးရေးပြီးဆုံးသွားပြီဆိုတဲ့ ခံစားချက်နဲ့ ထွက်ခွာလာပါမယ်။ လေးရာသီ သုံးကြိမ် ချန်ပီယံရှစ်ရခဲ့တယ်"လို့ အင်စတာဂရမ်မှ ရေးသားသွားပါတယ်။
လီဝန်ဒေါ့စကီးဟာ နောက်ပိုင်းနှစ်များတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်လာရသူ ဖြစ်ပြီး ယခုရာသီတွင် လာလီဂါပွဲ ၁၅ ပွဲတည်းသာ ပွဲထွက်ကစားထားနိုင်ပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းက ချီကာဂိုဖိုင်းယားက ရောဘတ်လီဝန်ဒေါ့စကီးအား မေဂျာလိဂ်သို့ ခေါ်ဆောင်ရေး ဆွေးနွေးနေကြောင်း ကြေညာသွားခဲ့ဖူးပါတယ်။
သူဟာ နူးကမ့် နောက်ဆုံးပွဲအဖြစ် တနင်္ဂနွေနေ့တွင် ဘက်တစ်နှင့် လာလီဂါပွဲစဉ်အား ကစားလာပါမယ်။
ဘိုင်ယန်မြူးနစ်တွင်လည်း ရောဘတ်လီဝန်ဒေါ့စကီးနှင့် လက်တွဲခဲ့ဖူးတဲ့ ဘာစီလိုနာနည်းပြဟန်ဆီဖလစ်က ဒေါ့မွန်တိုက်စစ်မှူးဟောင်းမှာ ဘက်တစ်နှင့်ပွဲတွင် ပွဲထွက်လာမယ်လို့ အတည်ပြုထားပါတယ်။

image