ကိုယ်ရေးကိုယ်တာအချက်အလက်များ ပေါက်ကြားလာပြီးနောက် ရဲတပ်ဖွဲ့ဝင်များ အစောင့်အရှောက်ဖြင့် နေထိုင်နေရတဲ့ ဒိုင်လူကြီး
=================

စကော့တလန်ဘောလုံးအဖွဲ့ချုပ်က ဒိုင်လူကြီးဂျွန်ဘီတန်နှင့်မိသားစုဝင်များမှာ ကိုယ်ရေးကိုယ်တာ အချက်အလက်များ အွန်လိုင်းတွင်‌ ပေါက်ကြားလာပြီးနောက် ရဲတပ်ဖွဲ့ဝင်များရဲ့ အစောင့်အရှောက်ဖြင့် နေထိုင်ခဲ့ရကြောင်း အတည်ပြုလာပါတယ်။
တဖက်တွင် ရဲတပ်ဖွဲ့ဟာ ဂျွန်ဘီတန်ရဲ့ အချက်အလက်များ ပေါက်ကြားမှုအတွက် အသက် ၁၉ နှစ်အရွယ်ရှိ လူငယ်တစ်ဦးကို စွဲချက်တင်ထားပြီး မကြာမီ ရုံးတင် စစ်ဆေးမှု ပြုလုပ်လာပါမယ်။
ဂျွန်ဘီတန်ဟာ ဗုဒ္ဓဟူးနေ့တုန်းက ဆဲလ်တစ်တို့ မားသားဝဲလ်အား ၃-၂ ဖြင့် အနိုင်ရတဲ့ပွဲရဲ့ အချိန်ပိုတွင် နောက်ကျ ပင်နယ်တီပေးကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်လာခဲ့ရသူလည်း ဖြစ်ပါတယ်။
ဆဲလ်တစ်ဟာ ဂျွန်ဘီတန်ရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ကြောင့် ပင်နယ်တီ အနိုင်ဂိုး ရရှိကာ စကော့တလန်ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကာကွယ်ရေး မျှော်လင့်ချက် ရှိလာခဲ့ပါတယ်။
ဆဲလ်တစ်ဟာ ယနေ့ညတွင် အမှတ်ပေးဇယားထိပ်ဆုံးမှ ဟတ်စ်အား အနိုင်ရရှိလာပါက ချန်ပီယံဖြစ်ပါမယ်။ ဟတ်စ်မှာမူ ဆဲလ်တစ်အား အနိမ့်ဆုံးသရေကစားနိုင်ပါက ၆၆ နှစ်အတွင်း ပထမဆုံးအမှတ်ပေးဖလား ဆွတ်ခူးလာပါမယ်။

image