မြဝတီမြို့တွင် ကျောင်းအပ်နှံရေးလက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၆ -၂၀၂၇ ပညာသင်နှစ်၌ ကျောင်းအပ်နှံရေးရက် သတ္တပတ်အတွင်း ကျောင်းအပ်နှံ​နိုင်မည့်လုပ်ငန်းစဥ်များကိုသိရှိနားလည်စေရန်နှင့် ရပ်ရွာဒေသများအတွင်း ကျောင်းအပ်နှံနိုင်မည့် ကလေးများအားလုံးကျန်ရှိမှုမရှိစေရန်ရည်ရွယ်၍ ကျောင်းအပ်နှံရေးလက်ကမ်းစာစောင်များကို ကရင်ပြည်နယ်၊ မြဝတီမြို့၌ မေ ၁၆ ရက်က Campaign ပြုလုပ်၍ဖြန့်ဝေခဲ့ကြသည်။
မြဝတီမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အ.ထ.က(ခွဲ)(၁)၊ အ မှတ်(၃)ရပ်ကွက်ရှိ အ.ထ.က(ခွဲ)(၃)၊ အမှတ်(၄)ရပ်ကွက်ရှိ အောင်မြေရွှေဘုံ အထက်တန်းကျောင်းတစ်ဝိုက်တို့တွင် ဖြတ်သန်းသွားလာသူများအား ကျောင်းအပ်နှံရေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။

image