ရက် (၁၀၀) စီမံချက်အတွင်း ဘော်လီဘောကွင်း (၁၀) ကွင်း စာအတွက် ကျပ်သိန်း (၂၅၀) တန်ဖိုးရှိ အားကစားပစ္စည်းများ ထောက်ပံ့
မြန်မာ့ဘော်လီဘော အားကစားအဆင့်အတန်း မြှင့်တင်နိုင်ရန်အတွက် အားကစားရေးရာဝန်ကြီးဌာန၏ ရက် (၁၀၀) စီမံချက်ဖြင့် ဘော်လီဘောကွင်း (၁၀) ကွင်းစာအတွက် အားကစားပစ္စည်းနှင့်ဆက် စပ်ပစ္စည်းများပေးအပ်ပွဲကို ရန်ကုန်မြို့၊ အောင်ဆန်းအားကစားပြိုင်ပွဲရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းမှုတွင် မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲနိုင်က စုစုပေါင်းကာလတန်ဖိုးကျပ်သိန်း (၂၅၀) ခန့်ရှိသော ဘော်လီဘောတိုင် (၂၀)တိုင်၊ ဘော်လီဘောလုံး (၂၀) လုံး၊ ဘော်လီဘောပိုက် (၁၀)ခုနှင့် Antenna (၂၀) ခု တို့ကို ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ခြင်းသည် ရက် (၁၀၀)စီမံချက်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဌာနဆိုင်ရာများအတွင်း ဘော်လီဘောအားကစား ပိုမိုထွန်းကားလာစေရန်နှင့် အားကစားသမားသစ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ခြင်းဖြစ်ကြော င်း သိရသည်။