2 ပတ် - ဘာသာပြန်ပါ။

နူးကမ့်ကွင်းသို့ ပြောင်းပြီး လအတန်ကြာတွင်ပင် စွန့်ခွာလာတော့မဲ့ ဘာစီလိုနာ
=================

ဘာစီလိုနာဟာ နူးကမ့်ကွင်သစ်ကြီးသို့ ပြောင်းရွှေ့ပြီး ခြောက်လအကြာတွင်ပင် ကွင်းသစ်အား စွန့်ခွာရန် စီစဉ်လာပြီ ဖြစ်ပါတယ်။
လာလီဂါ ၂ ကြိမ်ဆက် ချန်ပီယံဟာ လာမယ့် ၂၀၂၇-၂၈ ရာသီ ပထမရာသီဝက်တွင် Montjuïc လို့ လူသိများတဲ့ Estadi Olimpic Lluis Companys အား အသုံးပြုခွင့် ပေးရေး ဘာစီလိုနာစီးတီးကောင်စီကို တင်ပြထားကြောင်း သိရပါတယ်။
Mundo Deportivo ရဲ့ ဖော်ပြမှုအရ ဘာစီလိုနာဟာ နူးကမ့်ကွင်းသစ်အား ဆက်လက်ပြီး ကြီးမားတဲ့ အဆင့်မြှင့်တည်ဆောက်မှုများ ပြုလုပ်လိုမှုနှင့်အတူ ယခုကဲ့သို့ Estadi Olimpic Lluis Companys အား အသုံးပြုခွင့်ပေးရန် တောင်းဆိုလာခြင်း ဖြစ်ကြောင်း သိရပါတယ်။
ဘာစီလိုနာဟာ နူးကမ့်ကွင်းအား တည်ဆောက်နေစဉ်အတွင်း Estadi Olimpic Lluis Companys ကို ၂၀၂၃-၂၄ ရာသီနှင့် ၂၀၂၄-၂၅ ရာသီတို့တွင် အိမ်ကွင်းအဖြစ် အသုံးပြုခဲ့ဖူးပါတယ်။
ယခုရာသီအစတုန်းက ဘာစီလိုနာဟာ နူးကမ့်ကွင်းသစ် အသင့်မဖြစ်မီ Estadi Olimpic Lluis Companys အား အသုံးပြုခွင့် မရရှိမှုနှင့်အတူ လေ့ကျင့်ရေးကွင်းရှိ Johan Cruyff Stadium အား အသုံးပြုခဲ့ရပါသေးတယ်။
ဘာစီလိုနာဟာ ယခုရာသီတွင် အိမ်ကွင်းပြဿနာနှင့် ရင်ဆိုင်ခဲ့ရပေမဲ့လည်း လာလီဂါ အိမ်ကွင်း ၁၈ ပွဲလုံး အနိုင်ရရှိခဲ့ပါတယ်။
ဘာစီလိုနာဟာ နူးကမ့်ကွင်းသစ်တွင် ကစားတဲ့ ပထမဆုံးပွဲအဖြစ် ဘီလ်ဘာအိုနှင့်ပွဲအား ပရိသတ် ၄၅၀၀၀ ဖြင့်သာ ကစားနိုင်ခဲ့ပြီး မတ်လတုန်းက ပရိသတ် ၆၂၀၀၀ အထိ တိုးမြှင့် ကြည့်ရှုခွင့် ရရှိခဲ့ပါတယ်။
ဘာစီလိုနာဟာ ယခုနှစ်နှောင်းပိုင်းတွင် ပရိသတ် ၈၀၀၀၀ အထိ တိုးမြှင့် ကြည့်ရှုနိုင်ရေး လုပ်ဆောင်ထားသလို လာမယ့် ၂၀၂၇ ခုနှစ် ဧပြီမှ စတင်ကာ ပရိသတ်အပြည့် ၁၀၅၀၀၀ ကြည့်နိုင်ရေး စီမံကိန်းရေးဆွဲထားပါတယ်။
တဖက်တွင် ဘာစီလိုနာဟာ နူးကမ့်ကွင်းသစ်ကြီးတွင် ခေါင်းမိုးသစ်လည်း တပ်ဆင်ရန် စီစဉ်ထားပါတယ်။
ဘာစီလိုနာဟာ ကွင်းသစ်ခေါင်းမိုးတပ်ဆင်ရန်အတွက် လေးလမှ ငါးလအထိ အချိန်ယူရမယ်လို့ ခန့်မှန်းထားပါတယ်။
ယင်းသို့ အခြေအနေကြောင့် ဘာစီလိုနာဟာ ၂၀၂၇-၂၈ ရာသီအစတွင် အဖွင့်ပွဲများအား နူးကမ့်ကွင်းတွင် မကစားနိုင်မည်စိုးရိမ်နေပါတယ်။
နူးကမ့်ကွင်းဟာ ပရိသတ်ကွင်းလုံးပြည့်လာကြည့်နိုင်လာပါက ဥရောပရဲ့ အကြီးမားဆုံးကွင်းဖြစ်လာမှာ ဖြစ်ပြီး ၂၀၃၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲ ကျင်းပခွင့် ရရှိရေး ရီးရဲလ်မက်ဒရစ်ရဲ့ ဘာနေဗျူးကွင်းနှင့် အပြိုင် နာမည်ထွက်နေတဲ့ ကွင်း ဖြစ်ပါတယ်။

image