ချဲလ်ဆီးနည်းပြရာထူးအား မရယူမီ အာမခံချက် တောင်းဆိုလာတဲ့ အလွန်ဆို
======================

ချဲလ်ဆီးဟာ ဇာဘီးအလွန်ဆိုအား နည်းပြသစ်အဖြစ် ခန့်အပ်ရေး ဆွေးနွေးမှု တိုးတက်မှုများ ရှိနေပေမဲ့လည်း တဖက်တွင် လေဗာကူဆင်နှင့် ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းဘက်က စတမ်းဖို့ဒ်ဘရစ်ချ်သို့ မရောက်လာမီ အာမခံချက်များ တောင်းဆိုထားကြောင်း သိရပါတယ်။
လီဗာပူးနှင့် ဘိုင်ယန်မြူးနစ်အလယ်တန်းကစားသမားဟောင်းဟာ လီယမ်ရိုဆင်နီယာရဲ့နေရာကို ဆက်ခံရန် ထိပ်ဆုံးမှ ရေပန်းစားနေသူ ဖြစ်ပါတယ်။
ဒါပေမဲ့ ဇာဘီးအလွန်ဆိုဟာ ရီးရဲလ်မက်ဒရစ်မှာတုန်းက ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်များကြောင့် ချဲလ်ဆီးထံမှ အာမခံချက်များလည်း တောင်းဆိုထားပါတယ်။
အသက် ၄၄ နှစ်ရှိ အလွန်ဆိုဟာ ရီးရဲလ်မက်ဒရစ်ကို ၇ လသာ ကိုင်တွယ်ခဲ့ရပြီးနောက် ဇန်နဝါရီလတုန်းက ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
သူဟာ နည်းပြလောကသို့ တကျော့ပြန်လာချိန်တွင် ဘာနေဝျူးမှာ အမှားမျိုး နောက်ထပ်မဖြစ်လာနိုင်ရန် ဆုံးဖြတ်ထားပါတယ်။
The Times ရဲ့ ဖော်ပြလာမှုအရ အလွန်ဆိုဟာ ချဲလ်ဆီးထံမှ အောင်မြင်ရေး စီမံကိန်းတစ်ခု တောင်းဆိုထားပြီး ယင်းစီမံကိန်းကိုလည်း အလုံးစုံ ထိန်းချုပ်နိုင်မှသာလျှင် ချဲလ်ဆီးနည်းပြရာထူးကို လက်ခံလာမှာ ဖြစ်ကြောင်း သိရပါတယ်။
ချဲလ်ဆီးဟာ လာမဲ့ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိလာမှာ မဟုတ်ပေမဲ့လည်း အလွန်ဆိုအား ခန့်အပ်ရေး ဆွေးနွေးမှုက တိုးတက်နေပါတယ်။
အလွန်ဆိုဟာ ၂၀၂၄ ခုနှစ်တုန်းက လေဗာကူဆင်အား ရှုံးပွဲမရှိမှတ်တမ်းဖြင့် ပြည်တွင်းဖလား ၂ လုံး ရရှိအောင် ဦးဆောင်ထားနိုင်ခဲ့ကာ ဥရောပထိပ်သီးကလပ်များအကြား အလိုရှိခြင်းခံနေရတဲ့ နည်းပြအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။
သူဟာ ရီးရဲလ်မက်ဒရစ်ကို ကိုင်တွယ်စဉ်တုန်းက အဝတ်အစားလဲခန်းအား မထိန်းသိမ်းနိုင်မှုနှင့်အတူ ထွက်ခွာခဲ့ရတာလည်း ဖြစ်ပါတယ်။
ယခုအခါ သူဟာ ချဲလ်ဆီးအား ရေရှည်စီမံကိန်း တိတိကျကျရေးဆွဲပြီး ထိန်းချုပ်နိုင်မှသာလျှင် ကိုင်တွယ်လာတော့မှာလည်း ဖြစ်ပါတယ်။
အလွန်ဆိုကို ချဲလ်ဆီးအပြင် လီဗာပူးကလည်း ခန့်အပ်ရေး စိတ်ဝင်စားနေပါတယ်။ လီဗာပူးဟာ ရာသီအကုန်တွင် လက်ရှိနည်းပြအန်းဆလော့နှင့် လက်တွဲရေး/မတွဲရေး ဆုံးဖြတ်ချက်ချလာရတော့မှာလည်း ဖြစ်ပါတယ်။

image