2 ပတ် - ဘာသာပြန်ပါ။

ရီးရဲလ်မက်ဒရစ်အတွက် ပြန်ကစားလာနိုင်ချိန်တွင် ပရိသတ်များရဲ့လှောင်ပြောင်မှုများနှင့် ရင်ဆိုင်ခဲ့ရတဲ့ ကိုင်လီယန်ဘက်ပေး
=====================

ပြင်သစ်စူပါစတားကိုင်လီယန်ဘက်ပေးဟာ မနေ့ညတုန်းက အိုဗီဒိုအား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲစဉ်တွင် ဘာနေဗျူးကွင်းသို့ ဝင်ရောက်လာချိန်မှာ ရီးရဲလ်မက်ဒရစ်ပရိသတ်များရဲ့လှောင်ပြောင်မှုများနှင့် ရင်ဆိုင်ခဲ့ရပါတယ်။
ပြင်သစ်စူပါစတားဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်များအတွင်း ကလပ်အတွက် သူ့ရဲ့ ပေးဆပ်မှုနှင့်ပတ်သက်ပြီး မေးခွန်းထုတ်ခြင်းခံခဲ့ရကာ ပရိသတ် ၁၀ သန်းကျော်တို့ရဲ့ အသင်းမှ ရောင်းချရေး လက်မှတ်ထိုးတောင်းဆိုခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။
အသက် ၂၇ နှစ်ရှိ ဘက်ပေးဟာ ယခုရာသီတွင် ပြိုင်ပွဲအရပ်ရပ် ၄၁ ပွဲကစားထားရာမှာ ၄၁ ဂိုးသွင်းယူထားကာ ကလပ်ရဲ့ဂိုးသွင်းဘုရင်အဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ကလပ်မှာ တနင်္ဂနွေနေ့တုန်းက ခါးသီးတဲ့ပြိုင်ဘက် ဘာစီလိုနာကို ရှုံးနိမ့်ပြီးနောက် ဒုတိယမြောက် ဆုဖလားလက်မဲ့ရာသီတစ်ခုနှင့် ပိုင်ဆိုင်လာခဲ့ရပါတယ်။
ဘက်ပေးဟာ ပေါင်ကြွက်သားဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ်အနားယူခဲ့ရပြီးနောက် အိုဗီဒိုအား အနိုင်ရတဲ့ပွဲစဉ်ရဲ့ ပွဲချိန် ၆၉ မိနစ်မှာ လူစားဝင်ရောက်ကစားချိန်မှာတော့ ပရိသတ်များရဲ့ ဆူညံတဲ့ လှောင်ပြောင်မှုနှင့် ကြုံခဲ့ရပါတယ်။
မနေ့ညက ပွဲစဉ်တွင် ပရိသတ်အချို့တို့ဟာ Florentino go now ဆိုတဲ့စာသားပါ ဆိုင်းဘုတ်ကိုလည်း ကိုင်ဆောင်ခဲ့ကြပြီး ကွင်းလုံခြုံရေးမျာက ဖယ်ရှားခဲ့ရပါတယ်။
ပွဲအပြီးတွင် ဘက်ပေးက "ဝီစီသံတွေ ဒါက ဘဝပဲ။ ဒေါသထွက်နေတဲ့အချိန်မှာ လူတွေရဲ့အမြင်ကို မပြောင်းလဲနိုင်ပါဘူး။ ဒါက ရီးရဲလ်မက်ဒရစ်ကစားသမားတစ်ယောက်ရဲ့ဘဝပါ။ ကျွန်တော့်လို နာမည်ကျော်ကြားတဲ့ ကစားသမားတစ်ယောက်ရဲ့ဘဝပါ။ ဘောလုံးသမားတွေက အမြဲတမ်း နားလည်မပေးခံရပါဘူး။ သူတို့ လက်ခံရမယ်၊ ရှေ့ကိုပဲ ကြည့်ရမယ်။ ပြီးရင် အခြေအနေကို ပြောင်းလဲပစ်ရမယ်"လို့ ပြောကြားသွားပါတယ်။
မနေ့ညကပွဲတွင် ရီးရဲလ်မက်ဒရစ်ဟာ ဂွန်ဇာလိုဂါစီယာနှင့် ဘယ်လင်ဂမ်တို့ရဲ့ သွင်းဂိုးတွေဖြင့် ၂-၀ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

image