အင်္ဂလန်စတားဟောင်းဂျာမိန်းဒီဖိုးရဲ့ ချစ်သူသစ်မှာ ဓားပြမှုဖြင့် ထောင်ကျဖူးတဲ့ ရက်ပါ The Weasel နှင့် ချစ်ကြိုက်ဖူးသူ ဖြစ်နေ
====================

အင်္ဂလန်နှင့် နယူးကာဆယ်စတားဟောင်းဂျာမိန်းဂျီးနပ်စ်ရဲ့ ချစ်သူသစ်က ဓားပြမှုဖြင့် ထောင်ကျဖူးတဲ့ ရက်ပါ The Weasel နှင့် ချစ်ကြိုက်ဖူးသူ ဖြစ်ကြောင်း သိရပါတယ်။
စပါးစ်ကစားသမားဟောင်းဟာ ပြီးခဲ့တဲ့နှစ်တုန်းက လုပ်ဖော်ကိုင်ဖက်အမျိုးသမီးများအား မလျော်ကန်တဲ့ မက်ဆေ့ချ်များ ပို့မှုကြောင့် ဘီဘီစီမှ ထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက် ဇနီးသည်နှင့်လည်း လမ်းခွဲခဲ့ရသူ ဖြစ်ပါတယ်။
သူဟာ ဇနီးသည်နှင့် လမ်းခွဲလိုက်ပြီးနောက် အသက် ၃၁ နှစ်ရှိ ပဲရစ်အိမ်ခြံမြေပွဲစား အန်နီလီပလိုင်ဒူနှင့် ချစ်ကြိုက်နေကာ အချစ်သစ်ရှာဖွေတွေ့ရှိနေပါတယ်။
သူမနှင့် နီးစပ်သူများရဲ့အဆိုအရ သူမဟာ အသက် ၄၄ နှစ်ရှိ ပြင်သစ်/မော်ရိုကိုကပြား ရက်စတားလော်နီမူဟစ်နှင့် ချစ်ကြိုက်ဖူးသလို သူမထက် အသက်ကြီးသူများနှင့်သာ တွဲလေ့ရှိကြောင်း သိရပါတယ်။
La Fouine ၊ The Weasel စတဲ့အမည်များနှင့် လူသိများတဲ့ ရက်စတားဟာ မူးယစ်ဆေးဝါးတွေ့ရှိမှု၊ ‌ဒဏ်ရာအနာတရဖြစ်အောင် တိုက်ခိုက်မှုစတဲ့ အမှုများစွာနှင့် ရင်ဆိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။
သူဟာ ၁၉၉၇ ခုနှစ်တုန်းက လက်နက်ဖြင့် ဓားပြတိုက်မှုကြောင့် ထောင်ဒဏ်ကျခံခဲ့ရသလို ထောင်မှ လွတ်လာပြီးနောက် အိမ်ဖောက်ထွင်းမှု၊ ပြန်ပေးဆွဲမှုတို့လည်း ကျူးလွန်ခဲ့သူ ဖြစ်ပါတယ်။
သူဟာ အစ္စရေးအလံများကို မီးရှို့မှုဖြင့် တတိယအကြိမ် ထောင်ကျပြီးနောက် ရက်ဂီတလောကသို့ ဝင်ရောက်ကာ ရာဇဝတ်လောကကို ကျောခိုင်းခဲ့ပါတယ်။
အတွင်းသတင်းအရ ဂျီးနပ်စ်ရဲ့ ချစ်သူသစ် အန်နီဟာ အသက် ၂၀ နှစ်ကျော်အရွယ်တုန်းက စူပါစတားဖြစ်နေပြီဖြစ်တဲ့ ရက်ပါနှင့် ချစ်ကြိုက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် သတင်းရင်းမြစ်များက သူမမှာ ငွေကြေးချမ်းသာပြီး အောင်မြင်တဲ့ အသက်ကြီးအမျိုးသားများကို ဆွဲဆောင်လေ့ရှိပြီး နာမည်ကျော်များနှင့် ပေါင်းသင်း သွားလာရသည်ကို သဘောကျကြောင်းလည်း ဆိုနေကြပါတယ်။
တဖက်တွင် ဂျာမိန်းဂျီးနပ်စ်ဟာ ချစ်သူသစ် အန်နီနှင့် တွေ့ဆုံပြီးနောက် အချစ်သစ်နှင့် ဘဝသစ်မှာ ပျော်ရွှင်ပြီး ပဲရစ်သို့ မကြာခဏ အလည်အပတ်သွားရောက်နေပါတယ်။ အန်နီကလည်း ရံဖန်ရံခါ လန်ဒန်သို့ လာရောက်လည်ပတ်လေ့ရှိပါတယ်။

image