မော်ရင်ဟိုအား နည်းပြအဖြစ် ခန့်အပ်ရန် ဘင်ဖီကာကို ရီးရဲလ်မက်ဒရစ် နစ်နာကြေး ဘယ်လောက် ပေးလာရမလဲ?
=======================

ရီးရဲလ်မက်ဒရစ်ဟာ နည်းပြဟောင်းဟိုဆေးမော်ရင်ဟိုအား ခန့်အပ်ရေး နောက်ဆုံးအဆင့် ဆွေးနွေးမှုသို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ပေါ်တူဂီဂန္ထဝင်နည်းပြအား ခန့်အပ်ရန်အတွက် လက်ရှိကလပ် ဘင်ဖီကာကို နစ်နာကြေး ပေးလာရပါမယ်။
ဘင်ဖီကာဟာ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ မော်ရင်ဟိုအား လက်လွှတ်ရမည်ဖြစ်ပါက ရီးရဲလ်မက်ဒရစ်ထံမှ နစ်နာကြေး အချို့ ရရှိလာပါမယ်။
ယနေ့တွင် ပေါ်တူဂီသတင်းစာ Record ရဲ့ဖော်ပြလာမှုအရ ရီးရဲလ်မက်ဒရစ်ဟာ မော်ရင်ဟိုအား ခန့်အပ်ရန် ဘင်ဖီကာကို နစ်နာကြေး ယူရို ၇ သန်းနီးပါးပေးလာရမှာ ဖြစ်ကြောင်း သိရပါတယ်။
ဘင်ဖီကာဟာ မော်ရင်ဟိုအား ခန့်အပ်စဉ်တုန်းက စာချုပ်အတွင်းတွင် စာချုပ်ဖျက်သိမ်းကြေးပေးရမဲ့ အချက်ထည့်သွင်းထားတာလည်း ဖြစ်ပါတယ်။ ယင်းစာချုပ်ပါအချက်မှာ ရာသီသိမ်းပြီး ၁၀ ရက်အတွင်းတွင်သာ အကျုံးဝင်လာမှာလည်း ဖြစ်ပါတယ်။
ဘင်ဖီကာဥက္ကဌရူအီကော်စတာနှင့် ဘုတ်အဖွဲ့ဝင်များအနေဖြင့် ရာသီသိမ်းပြီး ၁၀ ရက်အတွင်းတွင် မော်ရင်ဟိုအား မည်သည့်ကလပ်နှင့်မဆို ဆွေးနွေးမှုမှ တားဆီးလာနိုင်မှာ မဟုတ်ဘဲ စာချုပ်ဖျက်သိမ်းကြေး ယူရို ၇ သန်းနီးပါး ရရှိလာပါမယ်။
တဖက်တွင် ဘင်ဖီကာဟာ အသက် ၆၄ နှစ်ရှိ မော်ရင်ဟိုအား လုပ်ခတိုးမြှင့်ပြီး စာချုပ်သစ်ချုပ်ဆိုကာအသင်းတွင် ဆက်ထိန်းထားရေး မျှော်လင့်နေပါတယ်။
ဒါပေမဲ့ ဘင်ဖီကာအနေဖြင့် စာချုပ်ပါအချက်အရ မော်ရင်ဟိုရဲ့ ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်နေပါတယ်။
မော်ရင်ဟိုဟာ ၂၀၁၀ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ရီးရဲလ်မက်ဒရစ်ကို ကိုင်တွယ်ခဲ့စဉ်အတွင်း ပြည်တွင်းဆုဖလားများ ဆွတ်ခူးခဲ့သူ ဖြစ်ပြီး လက်ရှိ ဥက္ကဌဖလော်ရင်တီနိုပီရက်ဇ်နှင့် ခိုင်မာတဲ့ ရင်းနှီးမှု ရှိနေသူလည်း ဖြစ်ပါတယ်

image