2 ပတ် - ဘာသာပြန်ပါ။

ယူနိုက်တက်ကို ၄ လတည်းသာ ကိုင်တွယ်ကာ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုအတွက် ဆန်ကာတင်စာရင်းတွင် ပါဝင်လာတဲ့ မိုက်ကယ်ကာရစ်
==================

ယူနိုက်တက်ယာယီနည်းပြမိုက်ကယ်ကာရစ်ဟာ ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးမန်နေဂျာဆုအတွက် ဆန်ကာတင်မန်နေဂျာ ၆ ဦးစာရင်းတွင် ပါဝင်လာပါတယ်။
ကာရစ်ဟာ ဇန်နဝါရီလတုန်းက ရူဘင်အမိုရမ် ထုတ်ပယ်ခြင်းခံရပြီးနောက် ယူနိုက်တက်ကို ၁၅ ပွဲတည်းသာ ကိုင်တွယ်ထားသူ ဖြစ်ပြီး ပရီးမီးယားလိဂ်ဖလားအတွက် တိုက်ပွဲဝင်နေကြတဲ့ မန်စီးတီးနည်းပြပက်ဂွါဒီယိုလာ၊ မန်စီးတီးနည်းပြမီခေးလ်အာတီတာတို့နှင့်အတူ ဆန်ကာတင်စာရင်းတွင် ပါဝင်လာတာပါ။
ဒါ့အပြင် တစ်နှစ်တာအကောင်းဆုံးမန်နေဂျာဆုအတွက် ဆန်ကာတင်စာရင်းတွင် ဘုန်းမောက်မှ ထွက်ခွာလာမဲ့ အန်ဒိုနီအိုင်ရာအိုလာ၊ ဘရန့်ဖို့ဒ်နည်းပြကိတ်အင်ဒရူးနှင့် ဆန်းဒါးလန်းနည်းပြရီဂျစ်လီဘရစ်တို့လည်း ပါဝင်နေပါတယ်။
ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင်ကစားသမား ၈ ဦးတို့ကိုလည်း ကြေညာလာရာ အာဆင်နယ်အသင်းမှ ဒေးဗစ်ရာယာ၊ ဂါဘရီရယ်၊ ဒီကလန်ရိုက်တို့ ပါဝင်ခဲ့ပြီး မန်စီးတီးရဲ့ အန်တိုနီဆီမန်ယိုနှင့် အာလင်းဟာလန်းတို့ ပါဝင်ခဲ့ပါတယ်။
ဒါ့အပြင် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင်စာရင်းတွင် ယူနိုက်တက်အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်၊ ဘရန့်ဖို့ဒ်တိုက်စစ်မှူးအိုင်ဂေါ်တီယာဂို၊ နော်တင်ဟမ်ဖောရက်စ်ရဲ့ မော်ဂန်ဂစ်ဘ်ဝှိုက်တို့လည်း ပါဝင်ပါတယ်။
ယင်းဆုများကို ပရိသတ်မဲများနှင့် ဘောလုံးကျွမ်းကျင်သူခုံဒိုင်အဖွဲ့ မဲများ ပေါင်းစပ် ဆုံးဖြတ်လာပါမယ်။
အသက် ၄၄ နှစ်ရှိ ယူနိုက်တက်ယာယီနည်းပြမိုက်ကယ်ကာရစ်ဟာ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် နည်းပြအဖြစ် ခန့်အပ်ခြင်းခံရပြီ့းနောက် ၃၃ မှတ်အထိ ရယူထားနိုင်ကာ ယင်းကာလအတွင်းတွင် ပရီးမီးယားလိဂ်ရဲ့ ရမှတ်အများဆုံးရယူထားနိုင်တဲ့ နည်းပြအဖြစ် ရပ်တည်နေသူ ဖြစ်ပြီး အဆင့် ၇ နေရာမှ အဆင့် ၃ နေရာသို့ ပို့ဆောင်ပေးထားနိုင်ပါတယ်။
မိုက်ကယ်ကာရစ်ဟာ ကိုင်တွယ်တဲ့ပွဲအားလုံးရဲ့ ၆၆.၇ ရာခိုင်နှုန်းအား နိုင်ပွဲ ရရှိအောင် စွမ်းဆောင်နိုင်မှုနှင့်အတူ ရာသီအကုန်တွင် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခြင်းခံရရန် ရေပန်းစားနေပါတယ်။
အာတီတာမှာ အာဆင်နယ်ကို လက်ကျန် ၂ ပွဲ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ပါက ၂၂ နှစ်အတွင်း ပထမဆုံးပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်လာမှာ ဖြစ်ပြီး ဂွါဒီယိုလာမှာ ဒီဆုကို ၆ ကြိမ်တိုင်တိုင် ဆွတ်ခူးဖူးပါတယ်။
အိုင်ရာအိုလာမှာလည်း ဘုန်းမောက်ကို ကလပ်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ဥရောပဝင်ခွင့်ရအောင် စွမ်းဆောင်နိုင်မဲ့အခြေအနေမျိုးသို့ ပို့ဆောင်ထားပါတယ်။ ကိတ်အင်ဒရူးမှာလည်း ဘရန့်ဖို့ဒ်ကို ပထမဆုံးကိုင်တွယ်တဲ့ ရာသီတွင်ပင် ဥရောပဝင်ခွင့် ရရှိရေး နီးစပ်အောင် ဦးဆောင်ထားနိုင်ပါတယ်။
လီဘရစ်မှာလည်း ပရီးမီးယားလိဂ်ပထမဆုံးရာသီတွင် ဆန်းဒါးလန်းအား ဇယားအလယ်ပိုင်းတွင် သက်တောင့်သက်သာဖြင့် ရပ်တည်နိုင်အောင် စွမ်းဆောင်ထားပါတယ်

image