2 ပတ် - ဘာသာပြန်ပါ။

၁၉၇၀ ခုနှစ်များတုန်းက ဒီဇိုင်းကို အခြေခံထားတဲ့ ၂၀၂၆-၂၇ ရာသီသစ်အတွက် ပြီးပြည့်စုံတဲ့ ဝတ်စုံသစ်အား ယူနိုက်တက်ကြေညာလာ
====================

ယူနိုက်တက်ပရိသတ်များဟာ ၂၀၂၆-၂၇ ရာသီသစ်အတွက် ဝတ်စုံသစ်အား ကြေညာလာပြီးနောက် ဝယ်ယူရေး အကြီးအကျယ်စိတ်လှုပ်ရှားနေကြပါတယ်။
ယူနိုက်တက်ဝတ်စုံသစ်တွင် ၁၉၇၀ ခုနှစ်များတုန်းက နာမည်ကြီးခဲ့တဲ့ နာမည်ကျော် အစင်းလိုင်းကော်နာကို အသုံးပြုထားပါတယ်။
ယူနိုက်တက်ဟာ အိမ်ကွင်းဝတ်စုံသစ် လက်တိုအားပေါင် ၁၂၀ သတ်မှတ် ရောင်းချလာပါမယ်။
ယူနိုက်တက်က ဝတ်စုံသစ်မှာ ၁၉၇၀ ခုနှစ်များတုန်းက ဝတ်စုံဒီဇိုင်းအား ဂုဏ်ပြုဖန်တီးထားကြောင်း ဆိုထားပါတယ်။
ထောင်ပေါင်းများစွာသော ယူနိုက်တက်ပရိသတ်များဟာ အိမ်ကွင်းဝတ်စုံသစ်အား အထူးနှစ်သက်သဘောကျလျက်ရှိကာ ဝယ်ယူရေး စိတ်အားထက်သန်နေကြပါတယ်။
ယူနိုက်တက်ဟာ ၂၀၂၃ ခုနှစ်တုန်းက အက်ဒီးဒက်စ်နှင့် ပေါင်သန်း ၉၀၀ တန် စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပြီး စာချုပ်သက်တမ်းမှာ ၂၀၃၅ ခုနှစ်တွင်မှ ကုန်ဆုံးပါမယ်။ ယူနိုက်တက်ဟာ စာချုပ်ပါအချက်အရ တစ်နှစ်လုပ် ပေါင်သန်း ၉၀ ရရှိလာပါမယ်။
ယူနိုက်တက်နှင့် အက်ဒီးဒက်စ်တို့ဟာ ၂၀၁၅-၁၆ ရာသီမှ စတင်ကာ လက်တွဲလာခဲ့ကြတာ ဖြစ်ပြီး ၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်များတုန်းက ဒီဇိုင်းဟောင်းကို ဆန်းသစ် အသုံးပြုလာခဲ့ကြပါတယ်။
ယူနိုက်တက်ဟာ အသစ်ကြေညာလာတဲ့ အိမ်ကွင်းဝတ်စုံသစ်အား ရာသီလက်ကျန်ပွဲ ၂ ပွဲတွင် ဝတ်ဆင်လာပါမယ်။

image