2 ပတ် - ဘာသာပြန်ပါ။

ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ပရိသတ်များကို ကမ္ဘာ့ဖလားအထိမ်းအမှတ်ကွန်ဒုံးများ အခမဲ့ဝေမျှလာမဲ့ တိုရွန်တိုကျန်းမာရေးဌာန
====================

တိုရွန်တိုအာဏာပိုင်များဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ကနေဒါသို့ လာရောက်မဲ့ ကမ္ဘာ့တလွှားမှ ဘောလုံးပရိသတ်များအား ကမ္ဘာ့ဖလားအထိမ်းအမှတ်အဖြစ် ထုတ်လုပ်ထားတဲ့ ကွန်ဒုံးများအား အခမဲ့ဝေမျှလာပါမယ်။
တိုရွန်တိုဟာ အမေရိကန်၊ မက္ကဆီကို၊ ကနေဒါတို့မှ ကမ္ဘာ့ဖလားပွဲများကို လက်ခံကျင်းပမဲ့ မြို့ ၁၆ မြို့ထဲမှ တစ်မြို့ ဖြစ်ပါတယ်။ တိုရွန်တိုရှိ BMO Field ကွင်းက ကနေဒါ၊ ဂျာမနီ၊ ခရိုအေးရှား၊ အီရတ်ပွဲစဉ်များအပါအဝင် ပွဲ ၆ ပွဲ လက်ခံကျင်းပလာပါမယ်။
တိုရွန်တိုမြို့ ပြည်သူ့ကျန်းမာရေးဌာနဟာ ကမ္ဘာတလွှားမှ ရောက်လာတဲ့ ထောင်ပေါင်းများစွာ ဘောလုံးပရိသတ်များကို အရေအတွက် အကန့်အသတ်ဖြင့် ထုတ်လုပ်ထားတဲ့ ကွန်ဒုံးများအပါအဝင် ကွန်ဒုံးများ အခမဲ့ဝေမျှလာပါမယ်။
တိုရွန်တို ပြည်သူ့ကျန်းမာရေးဌာနက အခမဲ့ဝေမျှလာမဲ့ ကမ္ဘာ့ဖလားအထိမ်းအမှတ် ကွန်ဒုံးကို ဗားရှင်း ၆ မျိုးဖြင့် ထုတ်လုပ်ထားပါတယ်။ ယင်းဗားရှင်းများကို 'What a finish!' ၊ 'Block those shots! ၊ 'Ohhh, Canada' စသဖြင့် အမည်ပေးထားပါတယ်။
တိုရွန်တိုပြည်သူ့ကျန်းမာရေးဌာနဟာ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံရေး၊ လူများအကြား လိင်ပိုင်းဆိုင်ရာကျန်းမာရေးချိတ်ဆက်မှုပေးရေး အစီအစဉ် တစ်ပိုင်းတစ်ပိုင်းအနေဖြင့် ကွန်ဒုံးများ အခမဲ့ဝေမျှလာတာလည်း ဖြစ်ပါတယ်။
ယင်းကွန်ဒုံးများကို တိုရွန်တိုမြို့တော်တလွှား ဆေးဆိုင်များ၊ သတ်မှတ်နေရာများတွင် အခမဲ့ဝေမျှလာပါမယ်။
ကနေဒါဟာ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်အဖြစ် ဘော့စနီးယားနှင့် ကစားရမှာ ဖြစ်ပါတယ်။
BMO Field ကွင်းတွင် ဂါနာနှင့် ပနားမား၊ ဂျာမနီနှင့်အိုင်ဗရီကို့စ်၊ ခရိုအေးရှားနှင့် ပနားမား၊ ဆီနီဂေါနှင့် အီရန်တို့ရဲ့ အုပ်စုပွဲစဉ်များအပြင် ဇူလိုင်လ ၂ ရက်နေ့ ၃၂ သင်းရှုံးထွက်အဆင့်ပွဲစဉ်ကိုလည်း လက်ခံကစားလာပါမယ်။

image